အက်သလက်တိုက်စစ်မှူး ဂရစ်ဇ်မန်း လာလီဂါ ဂိုး ၁၀၀ ပြည့်သွင်းယူ

အက်သလက်တိုက်စစ်မှူး ဂရစ်ဇ်မန်း လာလီဂါ ဂိုး ၁၀၀ ပြည့်သွင်းယူ

ဧပြီ ၂၃၊ စပိန် ။             ။ အက်သလက်တီကိုအသင်းက အက်စ်ပန်ညိုအသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် အက်သလက်အသင်းအတွက် အနိုင်ဂိုးကိုသွင်းယူပေးနိုင်ခဲ့သည့်အတွက် ဂရစ်ဇ်မန်းမှာ လာလီဂါ ဂိုး ၁၀၀ ပြည့်မြောက်သွားခဲ့ပြီ ဖြစ်သည်။

ရီးယဲလ်တိုက်စစ်မှူး ဘန်ဇီမာပြီးနောက် ဂရစ်ဇ်မန်းသည် လာလီဂါပြိုင်ပွဲတွင် ဂိုး ၁၀၀ ပြည့်သွင်းယူနိုင်သည့် ဒုတိယမြောက် ပြင်သစ်ကစားသမား ဖြစ်လာခဲ့သည်။ အသက် ၂၆ နှစ်အရွယ်ရှိ ဂရစ်ဇ်မန်းသည် ဘယ်ခြေဖြင့် ၆၉ ဂိုး၊ ညာခြေဖြင့် ၁၁ ဂိုး၊ ခေါင်းတိုက်ဂိုး ၂၀ သွင်းယူခဲ့သည်။

ပြင်သစ်တိုက်စစ်မှူးသည် ၂၀၁၀ ခုနှစ်က ဆိုစီဒက်အသင်းနှင့်အတူ လာလီဂါတွင် စတင်ကစားခဲ့ပြီး ပွဲပေါင်း ၁၄၁ ပွဲတွင် ဂိုး ၄၀ သွင်းယူနိုင်ခဲ့သည်။ ထို့နောက် ၂၀၁၄ ခုနှစ်တွင် အက်သလက်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး နည်းပြဆီမြွန်နီ၏လက်အောက်တွင် ပွဲပေါင်း ၁၀၆ ပွဲ၌ ဂိုး ၆၀ သွင်းယူခဲ့သည်။

စီရော်နယ်ဒို၊ မက်ဆီနှင့် ဘန်ဇီမာတို့ပြီးနောက်တွင် ဂရစ်ဇ်မန်းသည် လာလီဂါ၌ ဂိုး ၁၀၀ အမြန်ဆုံးပြည့်မြောက်သည့် စတုတ္ထမြောက်ကစားသမားလည်း ဖြစ်လာသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly