ဖိလစ်ပိုင်အကြမ်းဖက်သမားများအား လိုက်လံဖမ်းဆီးရာတွင် သေနတ်သမား ၄ဦးသေဆုံး

ဖိလစ်ပိုင်အကြမ်းဖက်သမားများအား လိုက်လံဖမ်းဆီးရာတွင် သေနတ်သမား ၄ဦးသေဆုံး

 ဧပြီ ၂၃ ။             ။ ဖိလစ်ပိုင်ရှိ ခရီးသွားဧည့်သည်များ အပန်းဖြေရာကျွန်း၌ အစုလိုက်အပြံုလိုက် ပြန်ပေးဆွဲခြင်းများကို ပြုလုပ် နေသော အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့ အကြွင်းအကျန်များကို အစိုးရတပ်ဖွဲ့များက လိုက်လံဖမ်းဆီးရာတွင် အကြမ်းဖက်သေနတ်သမား ၄ ဦးခန့်သေဆုံးခဲ့ကြောင်း အာဏာပိုင်များက တနင်္ဂနွေနေ့တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။

သေဆုံးခဲ့သော သေနတ်သမားများသည် ယခုလအစောပိုင်းတွင် ခရီးသွားဧည့်သည်များကို ပြန်ပေးဆွဲရန်အ တွက် ဘိုဟိုကျွန်းသို့ ရွက်လွှင့်ထွက်ခွာသွားခဲ့သော ဖိလစ်ပိုင်တောင်ပိုင်းတွင် ခြေကုပ်လျက်ရှိသည့် အဘူဆေယက်ဖ် လှေစီးအကြမ်းဖက်အဖွဲ့မှ အကြွင်းအကျန်များဖြစ်ကြောင်း အစိုးရဘက်မှ ပြောခဲ့သည်။

လူသူအရောက်အပေါက်နည်းသော ကျွန်းများပေါ်တွင် ခြေကုပ်စခန်းချလျက်ရှိသည့် အဘူဆေယက်ဖ်အဖွဲ့ သည် အသေခံဗုံးဖောက်ခွဲခြင်း၊ ခေါင်းဖြတ်သတ်ဖြတ်ခြင်းများကို ကျူးလွန်လျက်ရှိနေပြီး ၄င်းတို့အဖွဲ့မှ ပြန်ပေး ဆွဲမှုများကို အရှိန်မြှင့်တင် လုပ်ဆောင်နေသောကြောင့် ယခုလို ရှာဖွေဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဗစ်ဆာရက်စ်ဒေသမှာ အကြမ်းဖက်ဝါဒအတွက် နေရာလုံးဝမရှိစေရပါဘူး” ဟု စစ်တပ်နှင့်ရဲ ပူးပေါင်းတပ်ဖွဲ့မှ ဘိုဟိုမြို့တွင် ပြန်ပေးသမားဟု သံသယရှိရသူ သေနတ်သမား ၄ ဦးအား သတ်ဖြတ်နိုင်ခဲ့အပြီးတွင် ထုတ်ပြန် ကြေညာခဲ့သည်။

ပြီးခဲ့သော ဧပြီလ ၁၁ ရက်နေ့ကလည်း အဆိုပါကျွန်းပေါ်၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အဘူဆေယက်ဖ်အဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ကာ စစ်သား ၃ ဦးနှင့် ရဲတစ်ဦးလည်း အသတ်ခံခဲ့ရကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly