မြောက်ကိုရီးယားသို့ ဦးတည်သည် ယူဆခဲ့သော အမေရိကန်၏ လေယာဉ်တင်သင်္ဘော ဂျပန်ပင်လယ်သို့ ရက်ပိုင်းအတွင်း ရောက်မည်

မြောက်ကိုရီးယားသို့ ဦးတည်သည် ယူဆခဲ့သော အမေရိကန်၏ လေယာဉ်တင်သင်္ဘော ဂျပန်ပင်လယ်သို့ ရက်ပိုင်းအတွင်း ရောက်မည်

ဝါရှင်တန်၊ ဧပြီ ၂၂ ။           ။ အမေရိကန်လေယာဉ်တင် သင်္ဘော Carl Vinson သည် ဂျပန်ပင်လယ်တွင်းသို့ ရက်ပိုင်းအတွင်း ရောက်ရှိတော့မည်ဖြစ်ကြောင်း အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်စ်က ဧပြီ ၂၂ ရက်တွင် ပြောသည်။

အဆိုပါ သင်္ဘောအုပ်စုနှင့် ပတ်သက်ပြီး မည်သည့်အရပ်သို့ ဦးတည်သွားသည်ဆိုခြင်းအပေါ် ဝါရှင်တန်၏ သောင်မတင်ရေမကျ ပြောဆိုမှုများ ပြီးနောက် ယခုကဲ့သို့ ဒုတိယသမ္မတက အတည်ပြုပြောဆိုလာခြင်းဖြစ်သည်။

မည်သည့်ရန်စမှုမျိုးမဆို လက်တုံ့ပြန်သွားမည်ဟု ခြိမ်းခြောက်ထားသော သင်းကွဲနိုင်ငံ မြောက်ကိုရီးယားက ခြောက်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မည့် အရိပ်အယောင်များ ရှိနေခြင်းဖြင့် တင်းမာမှုများ မြင့်တက်နေစဉ် အမေရိကန်၏ ယင်းသင်္ဘောအုပ်စုသည် မြောက်ကိုရီးယားသို့ ဦးတည်သွားနေပြီဟု အစောပိုင်းက ယူဆထားခဲ့ခြင်းဖြစ်သည်။

သို့သော် အမေရိကန်ရေတပ်က ယင်းလေယာဉ်တင်သင်္ဘောမှာ မြောက်ကိုရီးယားကို အဟန့်အတားအဖြစ် စင်ကာပူကမ်းလွန်မှ မြောက်ပိုင်းသို့ ခုတ်မောင်းမည်ဖြစ်ကြောင်း ပြောထားခဲ့ရာမှ ဧပြီ ၁၈ ရက်တွင်မူ စင်ကာပူမှ ထွက်ခွာပြီး သြစတြေးလျရေတပ်နှင့် ပူးပေါင်းစစ်ရေးလေ့ကျင့်ရန် ဦးတည်ခုတ်မောင်းခြင်းဖြစ်ကြောင်း ပြန်ပြင်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထိုသို့ ယင်းသင်္ဘောအုပ်စု၏ ဦးတည်ရာနှင့် ပတ်သက်ပြီး အငြင်းပွားစရာများ ဖြစ်လာခဲ့ရာမှ ဆစ်ဒနီတွင် ရောက်ရှိနေသည့် ဒုတိယသမ္မတ မိုက်ပန့်စ်က အဆိုပါ လေယာဉ်တင်သင်္ဘောအုပ်စုသည် ရက်အနည်းငယ်အတွင်း ဂျပန်ပင်လယ်တွင်း ရောက်ရှိလာမှာဖြစ်ကြောင်း ပြောဆိုလာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly