အက်သလက်တိုက်စစ်မှူး ဂရစ်ဇ်မန်းမှာ မန်စီးတီးအသင်း၏ အဓိက ပစ်မှတ်ဖြစ်လာ

အက်သလက်တိုက်စစ်မှူး ဂရစ်ဇ်မန်းမှာ မန်စီးတီးအသင်း၏ အဓိက ပစ်မှတ်ဖြစ်လာ

ဧပြီ ၂၂၊ အင်္ဂလန် ။               ။ အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းမှာ မန်စီးတီးအသင်း၏အဓိက ပစ်မှတ်ဖြစ်လာပြီဟု ဒေးလီးမေးလ်သတင်းစာက ဖော်ပြခဲ့သည်။

အသက် ၂၆ နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးသည် ယခုနှစ်ရာသီတွင် အက်သလက်အသင်းအတွက် ပွဲ ၅၀ ကစားခဲ့ရာတွင် ၂၆ ဂိုး သွင်းယူထားသည်။

ဂရစ်ဇ်မန်းကို မန်ယူအသင်းကလည်း ခေါ်ယူလိုလျက်ရှိရာ မန်စီးတီးအသင်းအနေဖြင့် မြို့ခံပြိုင်ဘက်အသင်းနှင့် အပြိုင်ခေါ်ယူရမည်ဖြစ်သည်။

အက်သလက်တီကိုအသင်းသည် ပြီးခဲ့သည့် ဇွန်လကမှ ဂရစ်ဇ်မန်းကို ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးချုပ်ဆိုထားသော်လည်း ပြောင်းရွှေ့ကြေးပေါင် ရ၅ သန်းပေးချေလာပါက ရောင်းချဖွယ်ရှိနေသည်။

မန်စီးတီးအသင်းသည် ပြီးခဲ့သည့် အပြောင်းအရွှေ့ကာလတုန်းကလည်း ဘရာဇီးလူငယ်တိုက်စစ်မှူး ဂျီးဆပ်ကို မန်ယူနှင့်အပြိုင်ခေါ်ယူရန် ကြိုးပမ်းခဲ့ပြီး အရခေါ်ယူနိုင်ခဲ့သည်။

လက်ရှိတွင် အာဂျင်တီးနားတိုက်စစ်မှူးအဂူရိုမှာ မန်စီးတီးနည်းပြဂွါဒီယိုလာ၏ဦးစားပေးတိုက်စစ်မှူးအဖြစ်ရှိနေသော်လည်း မန်စီးတီးနှင့်ဂွါဒီယိုလာတို့က ဂရစ်ဇ်မန်းကို ခေါ်ယူလိုလျက်ရှိနေကြသည်။ ထို့ကြောင့် အဂူရို၏မန်စီးတီးကစားသမားဘဝ အနာဂတ်မှာ မရေမရာဖြစ်လာပြီဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly