တောင်တရုတ်ပင်လယ်တွင် အရေးပေါ်ကိစ္စများဖြေရှင်းရေးအတွက် အရေးပေါ် ဖုန်းလိုင်းများ ထားရှိရေး တရုတ်နှင့် အာဆီယံနိုင်ငံများ ဆွေးနွေး

တောင်တရုတ်ပင်လယ်တွင် အရေးပေါ်ကိစ္စများဖြေရှင်းရေးအတွက် အရေးပေါ် ဖုန်းလိုင်းများ ထားရှိရေး တရုတ်နှင့် အာဆီယံနိုင်ငံများ ဆွေးနွေး

ထျန်ကျင်း၊ ဇူလိုင် ၃၀ ။        ။ တောင်တရုတ်ပင်လယ်တွင် မတော်တဆရင်ဆိုင်တွေ့မှုများနှင့် အရေးပေါ်အခြေအနေများကို ကိုင်တွယ်ရန် စည်းမျည်းသစ်များနှင့် အရေးပေါ်ဖုန်းလိုင်းတစ်ခု ထားရှိရေး တရုတ်နှင့် အာဆီယံနိုင်ငံများ ဆွေးနွေးခဲ့ကြသည်။

အခြားသော ညွန်ကြားချက်များနှင့် အတူ စည်းမျည်းများနှင့် အရေးပေါ်ဖုန်းလိုင်းသည် တောင်တရုတ်ပင်လယ်တွင် နိုင်ငံအသီးသီး၏လိုက်နာရမည့် ကျင့်ဝတ်ဆိုင်ရာ ကြေညာချက်အကောင်အထည်ဖော်ရေး နဝမမြောက် အကြီးတန်းအရာရှိများ၏ အစည်းအဝေးအစီအစဉ်တွင် ပါဝင်သည်။

ဆောင်ရွက်မည့်အစီအစဉ်များမှာ ပင်လယ်ပြင်အခြေအနေကို ထိန်းချုပ်ရန်နှင့် မမျှော်လင့်သည့်အခြေအနေများဖြစ်ပျက်ခြင်းမှ ကာကွယ်ရန်ဖြစ်သည်ဟု ဇူလိုင် ၂၉က ထျန်ကျင်တွင်ပြုလုပ်ခဲ့သော အစည်းအဝေးပြီးနောက် ထုတ်ပြန်ခဲ့သော ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။ အစည်းအဝေးသို့ တရုတ် ဒု-နိုင်ငံခြားရေးဝန်ကြီး လျို့ကျန်းမင်နှင့် အာဆီယံ၁၀နိုင်ငံမှ အကြီးတန်းသံတမန်များ တက်ရောက်ခဲ့သည်။

ကြေညာချက်၊ လက်တွေ့အကျိုးရှိသော ပင်လယ်ပြင်ပူးပေါင်းဆောင်ရွက်ရေးနှင့် တောင်တရုတ်ပင်လယ်တွင် လိုက်နာရမည့် ကျင့်ဝတ်ဆိုင်ရာ တိုင်ပင်မှုများ ရှေ့တိုးဆောင်ရွက်ရေး ထိရောက်စွာ အကောင်အထည်ဖော်နိုင်မည့် နည်းလမ်းများကို အစည်းအဝေးတက်ရောက်သူများက ဆွေးနွေးခဲ့ကြသည်။

ပင်လယ်ပြင်တွင် အရေးပေါ်ပြသနာများကို ကိုင်တွယ်ရန် နိုင်ငံခြားရေးဝန်ကြီးများ၏ အရေးပေါ်ဖုန်းလိုင်းစနစ်တစ်ခု တည်ထောင်ရေး ဆက်လက်ဆောင်ရွက်သွားရန် တရုတ်နှင့် အာဆီယံနိုင်ငံများက သဘောတူညီခဲ့ကြသည်ဟု လျို့ကပြောသည်။

ညနေ ငါးနာရီက ပြီးဆုံးခဲ့သော ခုနှစ်နာရီအစည်းအဝေးတွင် သဘောတူညီချက်အချို့ကို အတည်ပြုခဲ့ကြပြီး ၎င်းတို့တွင် ယခုနှစ်နှင့် လာမည့်နှစ်အတွက် ကြေညာချက်ကို အကောင်အထည်ဖော်မှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအစီအစဉ် ပါဝင်သည်ဟု လျိုကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly