တောင်တရုတ်ပင်လယ်ပြင်ရှိ အငြင်းပွားကျွန်းသို့ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး သွားရောက်

တောင်တရုတ်ပင်လယ်ပြင်ရှိ အငြင်းပွားကျွန်းသို့ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး သွားရောက်

ဧပြီ ၂၂ ။            ။ တရုတ်တို့နဲ့နယ်မြေပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိနေတဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲက ကျွန်းတစ်ကျွန်းဆီကို ဧပြီ ၂၁ ရက်က ဖိလစ်ပိုင်ကာကွယ်ရေး ၀န်ကြီး သွားရောက်ခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အငြင်းပွားကျွန်းပေါ်ကို ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဒယ်လ်ဖင် လော်ရန်ဇာနာ သွားရောက်ခြင်းက ယင်းကျွန်းကို ပိုင်ဆိုင်ကြောင်း တရုတ်တို့ဘက်က စိန်ခေါ်ပြောဆိုထားမှုကို အရေးမထားကြောင်း ပြသလိုက်တာဖြစ်ပါတယ်။

" ဒါက ကျွန်တော်တို့ ပိုင်နက်ထဲမှာ ပုံမှန်သွားလာမှုတစ်ခု ဖြစ်ပါတယ်၊ ဒီဟာကို ကျွန်တေ်ာတို့ ပိုင်တယ်လို့ ယုံကြည်ထားပါတယ်" လို့ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးက သတင်းထောက်တွေကို   ပြောသွားပါတယ်။

ယခု ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး သွားရောက်ခဲ့တဲ့ Thitu ကျွန်းအပါအဝင် ယင်းတောင်တရုတ်ပင်လယ်ပြင်တွင်းက နယ်မြေအများစုကို မိမိတို့ပိုင်ဆိုင်ကြောင်း တရုတ်တို့က ထုတ်ဖော်ပြောဆိုမှုတွေ   ပြုလုပ်ထားပါတယ်။

ယခင်နှစ်တွေမှာလည်း ပေကျင်းအစိုးရအနေနဲ့ ယင်းအငြင်းပွား ပင်လယ်ပြင်တွင်းမှာ လူလုပ်ကျွန်းတွေ အဖြစ် ဖန်တီတည်ဆောက်တာတွေပါ လုပ်ဆောင်ထားခဲ့ပါတယ်။ ယခု Thitu ကျွန်းကနေ ရေမိုင် ၁၄ မိုင်သာ ကွာဝေးတဲ့နေရာမှာလည်း Subi ကျွန်းတုကို တရုတ်တို့ တည်ဆောက်ထားပြီး ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်နဲ့ ဗီယက်နမ်တို့ကလည်း ယင်းအငြင်းပွား တောင်တရုတ်ပင်လယ်ပြင်တွင်းမှာ ကျွန်းစုတွေကို မိမိတို့ ပိုင်ဆိုင်ကြောင်း အသီးသီး ထုတ်ဖော်ထားလျက် ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly