ပခုက္ကူမှ မျိုးဇော်ထွေးဆိုသူမှာ NLD ပါတီဝင်မဟုတ်ဟု ထုတ်ပြန်

ပခုက္ကူမှ မျိုးဇော်ထွေးဆိုသူမှာ NLD ပါတီဝင်မဟုတ်ဟု ထုတ်ပြန်
ဓာတ်ပုံ - ပြည့်ဖြိုးကျော်

ရန်ကုန်၊ ဧပြီ ၂၂ ။              ။ အလိုမတူ သားမယားပြုကျင့်ခဲ့သည့် ဆိုပြီး ပခုက္ကူမြို့မရဲစခန်းတွင် ထိန်းသိမ်းခံထားရသည့် မျိုးဇော်ထွေး ဆိုသူမှာ ပါတီဝင်မဟုတ်ဟု ပခုက္ကူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) စည်းရုံးရေးကော်မတီက ဧပြီ ၂၂ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ပခုက္ကူမြို့နယ်ရှိ ပရဟိတအဖွဲ့တစ်ခု၏ တာဝန်ခံဆိုသူ မျိုးဇော်ထွေးကို ပခုက္ကူမြို့မရဲစခန်းတွင် မုဒိမ်းမှုဖြင့် ဧပြီလ ၂၁ ရက်နေ့က ဖမ်းဆီးခဲ့သည်။

မျိုးဇော်ထွေး (အမှတ် -၁ ရပ်ကွက်) သည် ရုံးမှတ်တမ်းများအရ ပခုက္ကူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်အဖြစ် မရှိသည့်အပြင် ပခုက္ကူမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နှင့် လုံးဝသက်ဆိုင်ခြင်းမရှိဟု ၄င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ သူ့အနေနဲ့ ကျွန်တော်တို့ ပါတီဝင်မဟုတ်ဘူး။ အောင်နိုင်ရေးကာလတွေတုန်းကတော့ သူလည်းလိုက် ပါဆောင်ရွက်တာတွေ ၀န်းရံတာမျိုးတော့ရှိတာပေါ့ဗျာ” ဟု အဆိုပါကိစ္စနှင့် ပက်သက်ပြီး ပခုက္ကူမြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ် NLD ပါတီဝင်တစ်ဦးလည်းဖြစ်သည့် ဦးဟန်ဇော်ဝင်းက မဇ္စျိမသို့ ပြောသည်။

မုဒိန်းမှုကျူးလွန်သည့် ခံရသည့် အမျိုးသမီးသည် မင်္ဂလာဆောင်တစ်ခုသို့သွားရန် မျိုးဇော်ထွေး၏အိမ်တွင် တည်းခိုနေစဉ် လွန်ကျုးလွန်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

၎င်းသည် ပခုက္ကူ လူမှုကူညီရေးအသင်းတစ်ခုတွင် အဖွဲ့ဝင်တစ်ဦးဖြစ်ကာ ယခင်က အိမ်ထောင်ရှိခဲ့သူဖြစ်ပြီး ယခုကျုးလွန်ခံရတဲ့ အမျိုးသမီးနှင့် သမီးရည်းစားကာလ လေးလသာရှိသေးကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ပခုက္ကူမြို့မရဲစခန်းမှ သိရသည်။

လက်ရှိတွင် ကျုးလွန်သူဟု ယူဆရသူ မျိုးဇော်ထွေးကို ပခုက္ကူမြို့မရဲစခန်းတွင် ပုဒ်မ ၃၇၆ ဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly