မတရားအသင်းဆက်သွယ်မှု ပုဒ်မဖြင့် ဖမ်းဆီးခံထားရသူ နှစ်ဦး လွတ်မြောက်ရေး မြောက်ဦးဒေသခံများ ဆန္ဒထုတ်ဖော်

မတရားအသင်းဆက်သွယ်မှု ပုဒ်မဖြင့် ဖမ်းဆီးခံထားရသူ နှစ်ဦး လွတ်မြောက်ရေး မြောက်ဦးဒေသခံများ ဆန္ဒထုတ်ဖော်
(ဓာတ်ပုံ - CJ)

မတရားအသင်း ဆက်သွယ်မှု ဥပဒေနှင့် ငြိစွန်းသည်ဟုဆိုကာ ဧပြီလ ၉ ရက်က ဖမ်းဆီးခြင်းခံခဲ့ရသည့် မြတန်ဆောင်ဆရာတော် ဦးနန္ဒသာရနှင့် ခိုင်နီမင်းတို့ လွတ်မြောက်ရေးအတွက် ဧပြီလ ၂၁ ရက် နေ့လည် ၁ နာရီအချိန်တွင် မြောက်ဦးဒေခံများက ဆန္ဒထုတ်ဖော်မှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြသည်။

မြတန်ဆောင်ဆရာတော်နှင့် ခိုင်နီမင်းတို့မှာ ဧပြီလ ၁၀ ရက်တွင် ကျရောက်ခဲ့သည့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA ၏ (၈)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားအား ဂုဏ်ပြုသောအားဖြင့် AA Cup ဘော လုံးပြိုင်ပွဲနှင့် ဟောပြောပွဲတို့အား ကျင်းပခဲ့သည့်အတွက် သက်ဆိုင်ရာမှ မတရားအသင်းနှင့်ဆပ်စပ်သည်ဟုဆိုကာ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် ဆရာတော်နှင့် ခိုင်နီမင်းတို့ လွတ်မြောက်ရေးအတွက် ဆန္ဒပြတောင်းဆိုခြင်းဖြစ်ကြောင်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမြသာထွန်းက ပြောသည်။

“မြတန်ဆောင်ဆရာတော်နဲ့ ခိုင်နီမင်းတို့ကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုတာဖြစ်ပါတယ်။ ဆန္ဒထုတ်ဖော်အပြီးမှာ ပြင်စျေးဆရာတော်က မြတန်ဆောင်ဆရာတော် ဖမ်းဆီးခံထားရခြင်းနဲ့ ပတ်သက်ပြီးတော့ ဟောပြောသွားမှာဖြစ်ပါတယ်။”ဟု ဆိုသည်။

ဆန္ဒထုတ်ဖော်မှုတွင် မြတန်ဆောင်းဆရာတော်နှင့် ခိုင်နီမင်းတို့အား ချက်ချင်းလွှတ်ပေးရေး၊ ရဟန်းတော်များအား အစိုးရမှလေးစားရေး၊ ရခိုင်ပြည်သူတို့၏ဆန္ဒအား အစိုးရမှလေးစားရေး စသည့် အချက် (၆) ချက် တို့ကို ဆောင်းဆိုမှုပြုလုပ်သွားခဲ့ကြောင်းသိရသည်။

ဆန္ဒထုတ်ဖော်မူသို့ ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်စုစုပေါင်း ၂၀၀၀ ကျော်ခန့် ပါဝင်ဆန္ဒထုတ်ဖေါ်ခဲ့ခြင်းဖြစ် ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly