ဧရာဝတီတိုင်းက လွတ်သည့် အကျဉ်းသား ၃၆၀ကျော် တွင်ထောက်လှမ်းရေးက ဗိုလ်မှူးကြီးနှစ်ဦးပါဝင်

ဧရာဝတီတိုင်းက လွတ်သည့် အကျဉ်းသား ၃၆၀ကျော် တွင်ထောက်လှမ်းရေးက ဗိုလ်မှူးကြီးနှစ်ဦးပါဝင်
ဟင်္သာတထောင်မှ လွတ်လာသည့် ယခင်ထောက်လှမ်းအရာရှိ ဗိုလ်မှူကြီးအောင်သူ (ဓာတ်ပုံ- စည်သူမောင်မောင်)

ပုသိမ်၊ ဇူလိုင် ၃၀ ။          ။ နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းခွင့်တွင် ဧရာဝတီတိုင်းအတွင်းရှိ အကျဉ်းထောင် နှင့် အလုပ်စခန်းများမှ အကျဉ်းသား ၃၆၃ နှင့် အကျဉ်းသူ ၃၅ ဦး လွတ်မြောက်လာသည့် ထဲတွင် ထောက်လှမ်းရေးတပ်မှ ဗိုလ်မှူးကြီး နှစ်ဦး ပါဝင်ခဲ့သည်။

“ကျွန်တော်တို့ဆီကိုတော့ ညွန်ကြားရေးမှူးရုံး ညွန်ကြားချက်အတိုင်း လွှတ်ပေးတာပါ၊ အဲဒီအထဲမှာတော့ ထောက်လှမ်းရေးက ဗိုလ်မှူးကြီးအောင်သူပါတယ်၊ သူ ၁၁မှုကို ပြစ်ဒဏ် ၁၀၃ နှစ်ချခံထားရတာပါ ၊ကျန်တာ အခြားမှုတွေလည်းပါတယ်” ဟု ပုသိမ်အကျဉ်းဦးစီးဌာန မှ တာဝန်ရှိသူတဦးမှ မဇ္ဈိမသို့ပြောသည်။

ဧရာဝတီတိုင်းအတွင်း ပုသိမ်အကျဉ်းထောင်မှ အကျဉ်းသား ၁၃ရဦး၊ အကျဉ်းသူ၁၀ဦး၊ မြောင်းမြအကျဉ်းထောင်မှ အကျဉ်းသား ၃ရဦး၊ အကျဉ်းသူ ၈ဦး၊ မအူပင်အကျဉ်းထောင်မှ အကျဉ်းသား ၂၆ဦး၊ အကျဉ်း သူ ၄ ဦး၊ဟင်္သာတ အကျဉ်းထောင်မှာ အကျဉ်းသား ၁၂ဦး၊ အကျဉ်းသူ၉ဦး၊ဖျာပုံအကျဉ်းထောင်မှာ အကျဉ်းသား ၃၄ဦး၊ အကျဉ်းသူ၄ဦး နှင့် ကစကဲ အလုပ်စခန်းမှာ အကျဉ်းသား၅၅ဦး၊ ဆားမလောက်စခန်းမှ အကျဉ်းသား ၆၀ဦးတို့အား ဇူလိုင်လ ၃၀ရက်တွင် လွတ်ငြိမ်းာခွင့်ပေးခဲ့သည်။ လွတ်ငြိမ်းခွင့်ပေးသူများထဲတွင် ပုသိမ်ထောင် နှင့် ဟင်္သာတထောင်မှ ယခင်ထောက်လှမ်းအရာရှိ ဗိုလ်မှူကြီးအောင်သူနှင့် ထောက်လှမ်းရေးရုံးအဖွဲ့မှူး ရဲမှူးကြီးဇော်ထွန်းအောင်တို့ပါဝင်သည်။

ပုသိမ်အကျဉ်ထောင်းမှ လွတ်ငြိမ်းခွင့်ရသူ ထောက်လှမ်းအရာရှိဟောင်း ဦးအောင်သူက “လုပ်သင့်တာကိုလုပ်တာပဲ ကောင်းပါတယ်၊ တိုင်းရင်းသား ညီအကိုမောင်နှမတွေနဲ့အပစ်အခဲရပ်ဆဲဖို့ လုပ်နေ တာကောင်းပါတယ်၊ ကျွန်တော် အမှု ၁၁မှုနဲ့အမိန့်ချခံထားရတာပါ၊ ၁၀နှစ် ၇လတော့ ကျခံခဲ့ရတယ်၊ ဥပဒေနဲ့ညိစွန်းလိုအမိန့်ချမှတ်ခံရတာပါ”ဟု ပြောဆိုခဲ့သည်။

၎င်းတို့နှင့်အတူ ပြစ်ဒဏ်ကျခဲ့သည့် ထောက်လှမ်းရေးမှ ဗိုလ်မှူးကြီးအောင်ငွေမှာ စစ်တွေထောင်၊ ပုသိမ်ထောင်တို့တွင် ပြစ်ဒဏ် ၁၁နှစ်နီးပါး ကျခံခဲ့ရပြီး၊ ပြစ်ဒဏ် ၇၈နှစ် ကျခံရသည့် ထောက်လှမ်းရေးရုံး အဖွဲ့မှူးဟောင်းရဲမှူးကြီး ဇော်ထွန်းအောင်မှာ ၁၁နှစ် နီးပါးကို အင်းစိန်ထောင်၊ ဗန်းမော်ထောင်၊ ဟင်္သာတထောင်များတွင် ပြောင်းရွေ့ခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly