နေပြည်တော်-မကွေးကံပြား ယာယီဘေလီတံတား ပြင်ဆင်ပြီးစီး

နေပြည်တော်-မကွေးကံပြား ယာယီဘေလီတံတား ပြင်ဆင်ပြီးစီး

ဆိုင်ကလုန်း မာရုသာ၏ အရှိန်ကြောင့် ဧပြီ ၁၇ရက်က ပျက်စီးခဲ့ရသည့် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့အနီး နေပြည်​​တော်​ -မကွေးကံပြား အမြန်​လမ်​း​ပေါ်မှ ယင်းချောင်းယာယီဘေလီတံတားကို ဧပြီ ၁၈ရက် ညနေက ပြန်လည်ပြင်ဆင်ပြီးစီးပြီဟု မကွေးတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် တံတားပေါ်သို့ ကားငယ်များသာ ဖြတ်သန်းခွင့်ပေးထားပြီး Express ကားကြီးများ နှင့် လော်လီကားများကို ဖြတ်သန်းခွင့်မပြုထားသေးဘဲ ကားကြီးများကို နတ်မောက်မြို့ဘက်မှသာ ဖြတ်သန်းရန် ခွင့်ပြုထားသည်ဟု သိရသည်။

"ယင်းချောင်း ကွန်ကရစ်တံတားကြီးက လက်ရှိအစိုးရလက်ထက်မှာ ပြုပြင်ဆဲကာလဖြစ်လို့ လမ်းလွှဲထားတဲ့ ယာယီ မြေသားလမ်း ရေတိုက်စားပျက်စီးသွားတာပါ၊ ချောင်းကကျယ်တော့ ကားတွေသွားလို့မရသေးဘဲ နတ်မောက်ဘက်ကပဲ သွားနေရတာ၊ ရေကျချိန်ကိုစောင့်ပြီး အခု အမြန်ဆုံး ပြုပြင်ပေးထားပါတယ်"ဟု မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးနေမျိုးကျော်က ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်း မာရသာ မုန်တိုင်းမိုးကြောင့် နေပြည်တော် - မကွေးကားလမ်းရှိ ယင်းချောင်းတံတား (ယာယီလမ်း)နှင့် မင်းလှမြို့နယ် စစ္စနို့ -ကန်တုပ်လမ်းပိုင်းရှိ တံတားတို့ ပျက်စီးခဲ့ပြီး ရွှေစက်တော် ဘုရားပွဲတော်၌ မန်းချောင်းရေမြင့်တက်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly