လိပ်ကျွန်းအမှု အယူခံ တင်ရန်အတွက် ရက်တုုိး တလ ထပ်မံ တောင်းဆုုိ

လိပ်ကျွန်းအမှု အယူခံ တင်ရန်အတွက် ရက်တုုိး တလ ထပ်မံ တောင်းဆုုိ
(ဓာတ်ပုံ - အီးပီအေ)

ချင်းမုုိင်၊ ဧပြီလ ၁၈ ရက်။           ။ ထုုိင်းနုုိင်ငံတောင်ပုုိင်း လိပ်ကျွန်းတွင် ဗြိတိန်နုုိင်ငံသားနှစ်ဦး သတ်ဖြတ်ခံရမှုနှင့် သေဒဏ်ကျခံနေရသူ မြန်မာနုုိင်ငံသား နှစ်ဦး၏ အမှု နောက်ဆုံုး အယူခံ တင်ရန်အတွက် ထုုိင်းရှေ့နေများကောင်စီမှ ဧပြီလ ၁၈ ရက်က အချိန်တစ်လထပ်မံ တောင်းဆိုခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၂၃ ရက်က အယူခံ တင်သွင်းရန်အတွက် အချိန်တလ တောင်းဆုုိခဲ့ပြီးနောက် အချိန်မလုံုလောက်သဖြင့် တစ်လ ထပ်မံ တောင်းဆုုိမှုကုုိ ကော့စမွေ တရားရုံုးက လက်ခံလုုိက်ပြီး လာမည့် မေလ ၂၃ ရက်မတုုိင်မီ ထုုိင်းတရားရုံုးချုပ်သုုိ့ အယူခံ တင်သွင်းနုုိင်ရန် ကြိုးစားနေသည်ဟုု မြန်မာသံရုံုးကုုိယ်စားလှယ်အဖွဲ့မှရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“အယူခံ တင်ဖိုု့အတွက်ကုုိ စီစဉ်မှုတွေ နည်းနည်း မပြည့်စုံုသေးလိုု့ ရက်တုုိးထပ်တောင်းတာ ဒီနေ့ တရားရုံုးကနေပြီးတော့ တလ ထပ်တုုိးခွင့် ပြုလုုိက်ပါတယ်။ ဒီတလထဲမှာတော့ တင်နုုိင်လိမ့်မယ်လုုိ့ ထင်ပါတယ်။ ဒီတလဆုုိတာက ၅ လပုုိင်း ၂၃ ရက်နေ့ထိ ရပါတယ်”ဟုု ရှေ့နေ ဦးအောင်မျိုးသန့်က မဇ္စျိမကုုိ ပြောသည်။

ကုုိဇော်လင်းနှင့် ကုုိဝင်းဇော်ထွန်းတိုု့၏ နောက်ဆုံုး အယူခံကုုိ တင်ရန် အချိန် ၂ လ တုုိးမြှင့်တောင်းဆုုိခဲ့ခြင်းဖြစ်ပြီး လာမည့် မေလ ၂၃ ရက်နေ့မတုုိင်မီရန် ကြိုးပမ်းနေသည်ဟုု သူက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၆ ရက်မှ ၂၉ ရက်ထိ မြန်မာနုုိင်ငံ အစိုးရမှ စေလွတ်ခခဲ့သော ဥပဒေအကြံုပြုအဖွဲ့မှ ပြည်ထောင်စုု ရှေ့နေချုပ်ရုံုးမှ ညွန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုုန်း၊ CID မှုခင်းဌာနမှ မှုခင်းဆုုိင်ရာကျွမ်းကျင်သူ ရဲမှူးကြီး ဦးစုုိးနုုိင်ဦးတုုိ့ ထုုိင်းနုုိင်ငံ ဘန်ကောက်မြို့သိုု့ ရောက်ရှိလာပြီး အမှုတွဲပါ အထောက်အထားများကုုိ လာရောက် ညှိနှိုင်းခဲ့သည်​ဟု ၎င်းက ​ပြောသည်​။

ဥပဒေအကြံပြုအဖွဲ့နှင့် ထုုိင်းရှေ့နေများကောင်စီတိုု့ တွေ့ဆုံညှိနှို်င်းချက်များ၊ ကုုိဇော်လင်းနှင့် ကုုိဝင်းဇော်ထွန်းတုုိ့အား သွားရောက်တွေ့ဆုံုကာ အထောက်အထား အချက်အလက်များ ကောက်ယူခဲ့ပြီး အယူခံ ပြင်ဆင်မှု အခြေအနေများကုုိ ဦးအောင်မျိုးသန့်က ပြောသည်။

“ကျနော်တိုု့ ဥပဒေအကြံပေးအဖွဲ့နဲ့ မြန်မာသံရုံုးထဲမှာ ၃၊ ၄ ရက်လောက်အချိန်ယူပြီးတော့ လေ့လာသွားပါတယ်။ အဲဒီသက်သေလွှာတွေကုုိ သုံုးသပ်ပြီးတော့ သူတိုု့က အယူခံ တင်ဖုုိ့အတွက်ကုုိ အယူခံနဲ့ပတ်သက်တဲ့အကြံပေးချက်တွေကိုု သူတိုု့ မြန်မာပြည်မှာ ရေးတာ အကြမ်းဖျဉ်း ပြောရရင်တော့ ပြီးသွားပြီလိုု့ သိရပါတယ်။ အဲဒါကုုိ အချောကုုိင်ပြီးလုုိ့ ရှိရင် ဒီကုုိ ပုုိ့ပေးတဲ့အခါမှာ မြန်မာသံရုံုးက တဆင့် ထုုိင်းရှေ့နေများကောင်စီကုုိ ပုုိ့ပြီးတော့ လာမည့် အယူခံ ရက်မကုုန်ခင်မှာ အယူခံ တင်နုုိင်အောင် ဆောင်ရွက်မယ်လုုိ့ စီစဉ်ထားပါတယ်”ဟုု သူက ပြောသည်။

၎င်းဥပဒေအကြံပြုအဖွဲ့က ဖေဖော်ဝါရီလ ၂၃ ရက်နေ့က အယူခံအပေါ် ထုုိင်းတရားရုံုးက ပယ်ချလုုိက်သော အမိန့် စာမျက်နှာ ၁၀၂မှ ဒီအန်အေ စစ်ဆေးမှုတွင် လုုပ်ထုံုးလုုပ်နည်းနှင့်မညီခြင်း၊ အပြည်ပြည်ဆုုိင်ရာ စံချိန်စံညွန်းနှင့် မညီမျှမှုများ အပါအဝင် အချက် ၁၉ ချက်နှင့် မြန်မာရှေ့နေများ၏ အယူခံ စာမျက်နှာ ၁၉၈ မျက်နှာမှ အချက်များကုုိ ပြန်လည် ကောက်နုုတ်ခဲ့သည်ဟုု သိရသည်။

ကုုိဇော်လင်းနှင့် ကုုိဝင်းဇော်ထွန်းတိုု့ကုုိ ၂၀၁၄ ခုုနှစ် စက်တင်ဘာလက ဗြိတိန်နုုိင်ငံသား ဟန်နား ဝစ်သာရစ်နှင့် ဒေးဗစ်မေလာတုုိ့ လိပ်ကျွန်းတွင် အသတ်ခံရပြီးနောက် ဖမ်းဆီးခံရပြီး ၂၀၁၅ ခုုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က သေဒဏ်အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags