‘ကျနော်တို့ မက်ဒရစ်မှာ အနိုင်ရနိုင်ပါတယ်’ - ဖိလစ်လမ်း (ဘိုင်ယန်)

‘ကျနော်တို့ မက်ဒရစ်မှာ အနိုင်ရနိုင်ပါတယ်’ - ဖိလစ်လမ်း (ဘိုင်ယန်)
(ဓာတ်ပုံ - အီးပီအေ)

ဘိုင်ယန်မြူးနစ်အသင်းခေါင်းဆောင် ဖိလစ်လမ်းက သူ့ရဲ့အသင်းဟာ စန်တီယာဂိုဘာနေဗျူးကွင်းမှာ အိမ်ရှင်ရီးယဲလ်အသင်းကို အနိုင်ရနိုင်ပါတယ်လို့ ယုံနေကြောင်း တနင်္လာနေ့က ထုတ်ဖော်ပြောဆိုသွားပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့အိမ်ကွင်းမှာ ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အင်္ဂါနေ့မှာ ဒုတိယအကျော့ကို အဝေးကွင်းမှာ လာရောက်ကစားရမှာဖြစ်ပါတယ်။

ဒီရာသီကုန်မှာ ဘောလုံးသမားဘဝကနေ အနားယူမယ်လို့ ကြေညာခဲ့တဲ့ လမ်းက "ကျနော်တို့ မက်ဒရစ်မှာ အနိုင်ရနိုင်ပါတယ်။"လို့ ယုံကြည့်အပြည့်နဲ့ ကလပ်အသင်းရဲ့ ဝက်ဘ်ဆိုက်မှာ ပြောဆိုပါတယ်။

"ကျနော်တို့ဟာ ခိုင်မာတောင့်တင်းတဲ့ အသင်းပါ။ ကျနော်တို့ အဝေးဂိုး သွင်းယူနိုင်မယ်ဆိုတာ သိနေပါတယ်။"လို့ သူက ဆက်ပြောပါတယ်။

၂၀၁၃-၁၄ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တုန်းက ၀-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတဲ့ အဖြစ်မျိုး မကြံုတွေ့ဖို့ အသက် ၃၃ နှစ်အရွယ်ရှိ ဂျာမနီလက်ရွေးစင် ညာနောက်ခံကစားသမားဟောင်းက "ကျနော်တို့ အဲဒီအချိန်တုန်းကလို အဖြစ်မျိုးကို ရှောင်ရှားနိုင်ဖို့ လိုအပ်ပါတယ်"လို့ သတိပေး ပြောကြားခဲ့ပါတယ်။

Ref; EFE_EPA
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly