ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒု-ကျော့ပွဲစဉ်မှာ ဘေးလ်၊ ပီပီနှင့် ဗာရန်တို့ လွဲချော်မည်

ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒု-ကျော့ပွဲစဉ်မှာ ဘေးလ်၊ ပီပီနှင့် ဗာရန်တို့ လွဲချော်မည်
(ဓာတ်ပုံ - အီးပီအေ)

ပေါင်ခြံဒဏ်ရာရနေတဲ့ ဂါရတ်ဘေးလ်ဟာ ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မတိုင်မီ တနင်္လာနေ့က ရီးယဲလ်မက်ဒရစ်ရဲ့ နောက်ဆုံး လေ့ကျင့်ခန်းအစီအစဉ်မှာ မပါဝင်နိုင်ခဲ့တာကြောင့် အဆိုပါပွဲစဉ်သာမက ဘာစီလိုနာနဲ့ ယှဉ်ပြိုင်မယ့် လာလီဂါပွဲစဉ်ကိုပါ လွဲချော်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

ဘေးလ်ဟာ ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ကို လွှဲချော်ပေမယ့် လက်ရှိခြေစွမ်းကောင်းတွေ ပြသနေတဲ့ အစ္စကိုအတွက် အဆိုပါပွဲစဉ်မှာ ပါဝင်ကစားဖို့ အခွင့်အရေးတွေ ပွင့်နေပါတယ်။

ဘေးလ်ဟာ ပေါင်ခြံဒဏ်ရာကို ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲပြီးခါနီးမှာ ရရှိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဘေးလ်လိုပဲ လေ့ကျင့်ခန်း မဆင်းနိုင်ခဲ့တဲ့ ပေါ်တူဂီနောက်ခံလူ ပီပီနှင့် ပြင်သစ် နောက်ခံကစားသမား ဗာရန်တို့ဟာ ဒဏ်ရာကြောင့် ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ရမယ့်ပွဲကို ကစားနိုင်မှာ မဟုတ်ပါဘူး။

ဒါပေမယ့် အရံအသင်းမှ အယ်ဗာရို တီဂျာရာနဲ့ အန်ဇိုဇီဒန်းတို့ လေ့ကျင့်ခန်းအစီအစဉ်မှာ တွေ့ရပါတယ်။

ရီးယဲလ်အသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့အဖြစ် ဘိုင်ယန်မြူးနစ်နဲ့ အင်္ဂါနေ့ (မြန်မာစံတော်ချိန် ဗုဒဟူးနေ့ နံနက် ၁း၁၅) မှာ အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

© EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly