ရာသီအကုန်မှာ ချယ်လ်ဆီးနဲ့ လမ်းခွဲတော့မယ့် အသင်းခေါင်းဆောင် ဂျွန်တယ်ရီ

ရာသီအကုန်မှာ ချယ်လ်ဆီးနဲ့ လမ်းခွဲတော့မယ့် အသင်းခေါင်းဆောင် ဂျွန်တယ်ရီ
(ဓာတ်ပုံ - အီးပီအေ)

အင်္ဂလန်ပရီးမီးယားလိဂ်အသင်း ချယ်လ်ဆီးရဲ့ ဗဟိုခံစစ်မှူး ဂျွန်တယ်ရီဟာ ၎င်းရဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးတဲ့နောက် ဒီရာသီအကုန်မှာ အသင်းနဲ့ လမ်းခွဲရန် ဆုံးဖြတ်လိုက်ပြီဖြစ်တယ်လို့ ကလပ်အသင်းက တနင်္လာနေ့က ကြေညာခဲ့ပါတယ်။

၁၉၉၈ ခုနှစ်မှာ ချယ်လ်ဆီးအသင်းနဲ့ ပထမဦးဆုံး ပွဲဦးထွက်လာတဲ့ ဂျွန်တယ်ရီဟာ အပြာရောင်အကျင်္ီဝတ်ဆင်ခဲ့ကာ ပွဲပေါင်း ရ၁၃ ပွဲကစားပေးခဲ့ပြီး ၆၆ ဂိုးထိ သွင်းယူနိုင်ခဲ့ပါတယ်။

"ကျနော်တို့ရဲ့ အသင်းခေါင်းဆောင်ဟာ ဒီရာသီအကုန်မှာ ကလပ်အသင်းကနေ ထွက်ခွာသွားတော့မှာဖြစ်ကြောင်း ဂျွန်တယ်ရီနဲ့ ချယ်လ်ဆီးဘောလုံးကလပ်တို့ဟာ ဒီနေ့မှာ နှစ်ဦးနှစ်ဖက်ပူးတွဲကြေညာပါတယ်"လို့ အသင်းဝက်ဘ်ဆိုက်မှတစ်ဆင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

"စတမ်းဖို့ဒ်ဘရစ်ချ်မှာရှိတဲ့ လူတိုင်းဟာ ဂျွန်တယ်ရီရဲ့ စွမ်းဆောင်ပေးခဲ့တာတွေအတွက် ဂုဏ်ယူအမှတ်ရနေမှာဖြစ်ပြီး အနာဂတ်အတွက် အကောင်းဆုံးဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်"လို့ ကလပ်အသင်းက ထည့်သွင်းရေးသားထားပါတယ်။

ချယ်လ်ဆီးအသင်းဟာ ကစားသမားဘဝ အချိန်အများဆုံး ကုန်ဆုံးခဲ့တဲ့ တယ်ရီက "ဒီကြီးကျယ်လှတဲ့ ဘောလုံးကလပ်မှာ ကျေးဇူးတင်ဖို့ လူအများကြီးရှိပါတယ်။ ၂၂ နှစ်ကာလအတွင်းမှာ ကျနော်ကို ကူညီပံ့ပိုးပေးကြတဲ့ နည်းပြတွေ၊ ကစားဖော်တွေနဲ့ ဝန်ထမ်းတွေကအစ ပရိသတ်အဆုံး ကျေဇူးတင်တယ် ပြောရုံနဲ့ ကျနော် မလုံလောက်ပါဘူး။ ကျနော်အတွက် ဒီအကြောင်းကိုတော့ လာမယ့် ရက်သတ္တပတ်တွေမှာ ပြောဆိုနိုင်မယ့် အခွင့်အရေးရှိပါလိမ့်မယ်"လို့ ပြောပါတယ်။

တယ်ရီဟာ ချယ်လ်ဆီးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်၊ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ ယူရိုပါလိဂ် ၁ ကြိမ်နှင့် လိဂ်ဖလား ၃ ကြိမ်အပါအဝင် အဓိကဖလား ၁၄ ကြိမ် ရရှိခဲ့ပါတယ်။

“အသင်းနဲ့ကျွန်တော့်အကြားမှာ နက်ရှိုင်းတဲ့ဆက်ဆံရေးရှိပါတယ်။ ဒီအသင်းနဲ့အတူ ပျော်ရွှင်မှုတွေ ဝမ်းနည်းမှုတွေ ခံစားခဲ့ရဖူးပေမယ့် ဒီအချိန်က ဆုံးဖြတ်ဖို့အတွက် အချိန်ကောင်းပါ။ ကျွန်တော့်အတွက် အသင်းက ထွက်ခွာဖိ်ု့ အချိန်ကျပြီလို့ ခံစားရပါတယ်။” ဟု ဂျွန်တယ်ရီက ပြောပါတယ်။

ဂျွန်တယ်ရီမှာ နောက်ခံကစားသမားတစ်ဦးအနေဖြင့် PFA Player Of The Year ဆုကို ရရှိခဲ့ဖူးတဲ့ ကစားသမား ငါးဦးတွင် တစ်ဦးအပါအဝင်လည်းဖြစ်ပါတယ်။

လက်ရှိအချိန်တွင် တယ်ရီကို ခေါ်ယူရန် မေဂျာလိဂ်ကလပ်အသင်းများနှင့် တရုတ်စူပါလိဂ်ကလပ်များက အပြိုင်အဆိုင်စိတ်ဝင်စားနေသည်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags