ကမ္ဘာ့အဆင့် ၁ နေရာမှာ ရပ်တည်နေဆဲ မာရေး

ကမ္ဘာ့အဆင့် ၁ နေရာမှာ ရပ်တည်နေဆဲ မာရေး
ကမ္ဘာ့နံပါတ် ၁ တင်းနစ်ကစားသမား မာရေး။ (ဓာတ်ပုံ - အီးပီအေ)

တနင်္လာနေ့က ထုတ်ပြန်လိုက်တဲ့ ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ (ATP) ရဲ့ (အမျိုးသား)တစ်ဦးချင်း အဆင့်သတ်မှတ်ချက်မှာ ဗြိတိန်တင်းနစ်ကစားသမား ဒန်ဒီမာရေးက ထိပ်ဆုံးနေရာကနေ ဆက်လက်ဦးဆောင်နေပါတယ်။

အဆင့် ၂ နေရာမှာ ဆားဗီးယား တင်းနစ်ကစားသမား ဂျိုဂိုဗစ်၊ သူ့နောက်မှာ ဆွစ်ဇလန်က စတန် ဝေါ်ရီကာနှင့်  ရော်ဂျာ ဖက်ဒရာတို့ အဆင့် ၂ နှင့် ၃ နေရာမှာ အသီးသီးရပ်တည်နေကြပါတယ်။

စပိန်ကစားသမား ရာဖေးလ် နာဒါးလ်ကတော့ အဆင့် ၂ ဆင့်ထိ ကျဆင်းသွားကာ အဆင့် ရ နေရာမှာ ရှိနေပေမယ့် ဂျပန်ကစားသမား နီရှီကိုရီက အဆင့် ၅ နေရာကို ခုန်တက်ခဲ့ပါတယ်။

လက်ရှိ ATP (အမျိုးသား) အဆင့်များနှင့် ရမှတ်များ

၁) အန်ဒီ မူရေး (စကော့တလန်) ရမှတ် ၁၁,၆၀၀
၂) ဂျိုဂိုဗစ် (ဆားဗီးယား) ရမှတ် ရ,၉၀၅
၃) စတန် ဝေါ်ရီကာ (ဆွစ်ဇာလန်) ရမှတ် ၅,၆၀၅
၄) ရော်ဂျာ ဖက်ဒရာ (ဆွစ်ဇလန်) ရမှတ် ၅,၁၂၅
၅) နီရှီကိုရီ (ဂျပန်) ရမှတ် ၄,၃၁၀
၆) ရာအိုနစ် (ကနေဒါ) ရမှတ် ၄,၁၆၅
၇) ရာဖေးလ် နာဒါးလ် (စပိန်) ရမှတ် ၃,၇၃၅
၈) မာရင်း ဆီလက် (ခရိုအေးရှား) ရမှတ် ၃,၃၈၅
၉) ဒေါ်မနစ်သိမ်း (သြစတြီးယား) ရမှတ် ၃,၃၈၅
၁၀) ဂျို-ဝီဖာရီးဆောင်ဂါ (ပြင်သစ်) ရမှတ် ၂,၉၀၅

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly