သံတွဲနား ဝဲနေတဲ့လေကုန်သွားရင် ဆိုင်ကလုန်း မာရသာကို Green Light ပေးနိုင်ပြီ

သံတွဲနား ဝဲနေတဲ့လေကုန်သွားရင် ဆိုင်ကလုန်း မာရသာကို Green Light ပေးနိုင်ပြီ
"သံတွဲနား ဝဲနေတဲ့ wind အကုန်ဝင်သွားရင်တော့ Green Light ပေးလို့ရပြီ လို့ သိရပါတယ်။" ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးကဆိုသည်။

ရခိုင်ပြည်နယ် သံတွဲမြို့အနီးကို ဝင်ရောက်နေသည့် ဆိုင်ကလုန်းမုန်တိုင်း မာရသာ (Maarutha) ဟာ သံတွဲမြို့အနီးတစ်ဝိုက်တွင် ဝေ့ဝဲနေပြီး ရွှေ့လျားမှု သိပ်မရှိသေးသော်လည်း လေတိုက်နှုန်းမှာ လျော့ကျသွားပြီဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးသတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။

"သံတွဲနား ဝဲနေတဲ့ wind အကုန်ဝင်သွားရင်တော့ Green Light ပေးလို့ရပြီ လို့ သိရပါတယ်။" ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးကဆိုသည်။

လက်ရှိ သံတွဲမြို့တွင် လေတိုက်နှုန်းမှာ တစ်နာရီ ၂၅ - ၃၀ မိုင်လောက်သာ ရှိတော့ကြောင်း သိရသည်။

"Tropical Storm ဖြစ်တဲ့အတွက် မုန်တိုင်းတွေက ညဘက်အေးရင်သိပ်ပြီး မရွေ့လျားဘူး လို့ သိရပါတယ်။
Wind circulation က ကျန်နေသေးတဲ့ အတွက် Green Light ပေးဖို့ Save ဖြစ်ဖို့ စောင့်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။" ဟုလည်း ထုတ်ပြန်ထားသည်။

လက်ရှိအချိန်ထိ ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမား မကြာသိရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလည်း မုန်တိုင်းအခြေအနေ တည်ငြိမ်လျက်ရှိကြောင်း ဧပြီ ၁၆ရက် ည ၁၁နာရီခွဲက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားဖော်ပြထားပြီး "ရမ်းဗြဲ ကျောက်ဖြူ မိုးတိပ်ပြီး လေတိုက်နှုန်း သာမန်အနေအထားသို့ ရောက်ရှိ၊ အမ်းမြို့နယ်​ မိုးဖွဲဖွဲရွာလျက်ရှိ၊ ထူးခြားမှုမရှိ၊ မာန်အောင်မြို့ စည်ပင်သာယာလမ်း၊ ရဲစက်ကျော်ခေါင်လမ်းတို့တွင် သစ်ပင်အချို့ကျိုးကျ၍ လျှပ်စစ်ဓါတ်အားလိုင်းများ ပျက်စီးမှုဖြစ်၊ မာန်အောင်မြို့ မီးပျက်၊ ကျေးရွာအချို့တွင် အိမ်များ အမိုးလန်ပျက်စီးမှုရှိ၊ မျှော်တော်ဦးကျေးရွာအုပ်စု၊ ပျားကြီးကျေးရွာ အ-မ-က ကျောင်း ခေါင်မိုးသွပ်များ လွင့်ပါ" ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ကိုးကား၍ ထုတ်ပြန်ပေးထားသည်။

မုန်တိုင်းမှာ ၁၂နာရီအတွင်း အားပျော့သွားကာ အစိမ်းရောင်အဆင့် သတ်မှတ်နိုင်မည်ဟုလည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက လွန်ခဲ့သော ၃နာရီခန့်က ထုတ်ပြန်ထားသည်။

လက်ရှိတွင် မကွေးတိုင်း မကွေးမြို့ နှင့် မင်းဘူးမြို့တို့တွင် လေစတိုက်နေပြီဟု သိရသည်။ ဧရာဝတီတိုင်းတွင်မူ ဧပြီ ၁၆ရက်က လေပြင်းများတိုက်ကာ သစ်ပင်ပြိုလဲမှုများကြောင့် နေရာ ၄၅လုံးခန့် ပျက်စီးခဲ့ရသလို လူအသေအပျောက်လည်းရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly