မန်းရွှေစက်တော်ဘုရားဖူးများ မာရသာအန္တရာယ်ရှောင်ကာ အိမ်ပြန်ကြပြီ

မန်းရွှေစက်တော်ဘုရားဖူးများ မာရသာအန္တရာယ်ရှောင်ကာ အိမ်ပြန်ကြပြီ
(ဓာတ်ပုံ - တင်ရွှေ)

အနီရောင်အဆင့် သတ်မှတ်ထားသည့် မုန်တိုင်း မာရသာ သတိပေးချက်အရ မန်းရွှေစက်တော်ဘုရားသို့ လာရောက်သည့် ဘုရားဖူးများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မန်းချောင်းအတွင်းမှ ပြန်လည်ထွက်ခွာနေပြီဖြစ်သည်။

ဧပြီ ၁၆ရက် နံနက် ၁၀နာရီခန့်က မင်းဘူးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ယင်းသို့ ထွက်ခွာပေးရန် ဘုရားဖူးများ နှင့် ဆိုင်ခန်းများကို လိုက်လံနှိုးဆော်ခဲ့ခြင်းဖြစ်သည်။

ကြေငြာချက်‌အရ ‌ဈေးသည်‌များ၊ ဘုရားဖူးများ၊ တည်‌းခို‌ဆောင်‌ပိုင်‌ရှင်‌များ၊ စိုးရိမ်‌မှုများနဲ့ ‌ရေလွတ်‌ရာသို့‌ရွှေ့ကြသော်လည်း ‌ဒေသခံများကမူ လက်ရှိအခြေအနေအရ မန်‌း‌ချောင်းရေမတိုးနိုင်‌‌ကြောင်‌း မိုးရွာမှုကိုကြည့်ပြီး သုံးသပ်‌ကာ စိတ်‌‌အေးနေကြကြောင်း စကုမြို့မှ တဲကျောင်း လုပ်ငန်းရှင် ဦးစိန်မောင်က ‌မဇ္ဈိမကိုပြောသည်။

"ကျွန်တော်တို့ကတော့ အထက်စက်တော်ရာဘက်တို့၊ ပိန်မြောင်ဘက်တို့၊ ငဖဲလမ်းဘက်တို့ ကုန်းမြင့်ရှိတဲ့ဘက်တွေကို ရွေ့ပြောင်းနေပါတယ်။ ဘုရားဖူးတွေ ပြန်ကုန်ပါပြီ။ ခက်တာက ကားငှားမရနိုင်တာ ပြသနာပါ။ သောင်ပြင်မှာ အနည်းငယ်သာ ကျန်ပါတော့တယ်။ အများစုကတော့ ရွေ့ပြောင်းပြီးကြပါပြီ" ဟု
မကွေးမြို့မှ စားသောက်ဆိုင်လာဖွင့်သည့် ကိုမျိုးက ပြောသည်။

မင်းဘူး/စကုမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းနေသော်လည်း လေတိုက်ခတ်ခြင်း မရှိပေ။

"ရွှေစက်တော်က အခုလို အခြေအနေမှာ ကြေငြာချက် ထုတ်ပြန်ပြီး ပြန်ခိုင်းတာ ကောင်းပါတယ်။ သဘာဝဘေးဆိုတာ ပြောမရပါဘူး" ဟု မင်းဘူးမြို့က ကိုကောင်းဇော်က ပြောသည်။

ဆိုင်ကလုန်းမုန်တိုင်း "မာရသာ" Maarutha သည် ဧပြီ ၁၆ရက် မွန်းတည့်ချိန်မှ နောက် ၁၂နာရီအတွင်း မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသ၊ သံတွဲမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု မိုးလေဝသ နှင့် ဇလဗေဒ ဦးစီးဌာနက ခန့်မှန်းထားသည်။

အနီရောင်အဆင့် သတ်မှတ်ထားသည့် ဆိုင်ကလုန်းမုန်တိုင်းသည် သံတွဲမြို့အနီးမှ ဖြတ်ကျော်စဉ် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီ မိုင် (၅၀)မှ (၆၀)နှုန်း တိုက်ခတ်နိုင်ကြောင်း မိုးဇလက သတိပေးထားသည်။

မုန်တိုင်းကြောင့် ရခိုင်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မိုးရွာသွန်းနိုင်သည်ဟု ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly