မန္တလေးနှင့် IC ၊ IC နှင့် မန္တလေး

မန္တလေးနှင့် IC ၊ IC နှင့် မန္တလေး
(ဓာတ်ပုံ - Myo Gyi's Fan Page)

မန္တလေးမြို့နှင့်IC ၊ IC နှင့်မန္တလေးမြို့သည် တစ်သားတည်း၊ တစ်သွေးတည်းဖြစ်သည်။ ထိုသို့ဖြစ်သည်နှင့်အမျှ IC အဖွဲ့သည် မန္တလေးမြို့တော် မဟာသင်္ကြန်သို့ အခမဲ့လာရောက်ဖျော်ဖြေခဲ့ကြခြင်းလည်းဖြစ်သည်။

သင်္ကြန်အကျနေ့မှစတင်ဖျော်ဖြေခဲ့သည့် IC အဖွဲ့ကို ကြည့်ရှု့အားပေးရန်အတွက် နံနက် ၆ နာရီခန့်ကပင် ဖျော်ဖြေမည့်စင်ရှေ့၌ ပရိတ်သတ်များစွာ လာရောက်စောင့်ဆိုင်းနေခဲ့ကြသည်။

စောင့်ဆိုင်းရကျိုးနပ်စေရန်အတွက်လည်း IC အဖွဲ့၏ ပင်တိုင်အဆိုတော်များက မမောမပန်း သီဆိုဖျော်ဖြေပေးခဲ့မြဲဖြစ်သည်။ ပရိတ်သတ်နှင့် IC အဖွဲ့သည် အမြဲတမ်းအပေးယူမျှစမြဲပင်ဖြစ်သည်။

ပရိတ်သတ်အချို့ဆိုးသွမ်းစေကာမှု လေးဖြူ၏ မေတ္တာစကားကြောင့် အားလုံးအငြိမ် ပြဿနာမရှိ တစ်သားတည်း သီဆိုကခုန်ကြဆဲဖြစ်သည်။

ထိုသို့ ပရိတ်သတ်အချစ်တော် IC အဖွဲ့ဖျော်ဖြေသည့် စတိတ်စင်အား သင်္ကြန်အကြတ်နေ့က ဖျော်ဖြေမှုနောက်ကျရသည်ကို အကြောင်းပြုကာ ရမ်းကားသည့် လူငယ်တစ်ချို့က ဖျက်စီးမှုအချို့လုပ်ခဲ့ခြင်းကြောင့် IC အဖွဲ့ ဖျော်ဖြေမှုကို သတ်မှတ်ချိန်ထက်နောက်ကျဖျော်ဖြေခဲ့ရသည်။

ထိုသို့ဖြစ်ရခြင်းမှာ IC အဖွဲ့အသုံးပြုသည့် မီးစက်ချို့ယွင်းသွားခြင်းကြောင့်ဖြစ်သည်။ မီးစက်ပြင်ပြီးသည့်နှင့်သတ်ဖျော်ဖြေချိန်ပြီးသည်အထိ တင်ဆက်ပေးခဲ့သည်။

မီးစက်ပျက်၍ ဖျော်ဖြေချိန် နောက်ကျသည်နှင့်ပတ်သက်၍လည်း အဆိုတော် အငဲ၏ ဆိုရှယ်စာမျက်နှာတွင် "ဖျော်ဖြေမှုစတင်ရန် ၃နာရီ၊ ၃၀မိနစ်သတ်မှတ်ထားသော်လည်း စက်ပစ္စည်းချို့ယွင်းမှုကြောင့် ဖျော်ဖြေမှုအချိန် နှောင့်နှေးသွားရသည့်အတွက် မန္တလေးသူ၊ မန္တလေးသားများအား တောင်းပန်ကြောင်း"ရေးသားခဲ့သည်။

IC အဖွဲ့သည် ယနေ့ သင်္ကြန်အတက်နေ့တွင်လည်း သတ်မှတ်ဖျော်ဖြေချိန်အတိုင်း ပျော်ရွှင်စွာဆက်လက် ဖျော်ဖြေလျှက်ရှိသည်။

မည်သို့ပင်ဖြစ်ခဲ့စေကာမူ IC အဖွဲ့၏ ပရိတ်သတ်ပေါ်ထားသည့် မေတ္တာ၊ စေတနာသည် ယနေ့ဖျော်ဖြေနေမှုသက်သေဖြစ်သည်။

ဖျော်ဖြေမှုအား ပျက်အောင်ဆောင်ရွက်ခဲ့သည့် လူငယ်တစ်ချို့ကြောင့် မန္တလေးမြို့၏ ဂုဏ်သိက္ခာ၊ မန္တလေးမြို့၏ ယဉ်ကျေးမှုတို့ အနည်းကျသွားသော်လည်း မန္တလေးမြို့သူ၊ မြို့သားများက ယနေ့ဖျော်ဖြေမှုတွင် ယဉ်ကျေးစွား အားပေးနေသည်ကိုလည်း တွေ့ရသည်။

မန္တလေးနှင့်ICအဖွဲ့သည် တစ်သွေးတည်း တစ်သားတည်းဖြစ်သလို၊ သင်္ကြန်နှင့်IC အဖွဲ့သည်လည်း တစ်စိတ်တည်းဖြစ်နေမည်မှာမလွဲပေ။ ထို့ကြောင့် နောက်နှစ်သင်္ကြန်တွင်လည်း မန္တလေးနှင့်IC အဖွဲ့သည် နွေးထွေးစွာ ပြန်လည်ဆုံတွေ့ကြဦးမည်မှာမလွဲ။ ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags