IC မဏ္ဍပ် ရန်ရှာသူများအား CCTV ကင်မရာမှတ်တမ်းပြန်ကြည့်ကာ အရေးယူသွားမည်

IC မဏ္ဍပ် ရန်ရှာသူများအား CCTV ကင်မရာမှတ်တမ်းပြန်ကြည့်ကာ အရေးယူသွားမည်
(ဓာတ်ပုံ- အမှတ် ၂ နယ်မြေရဲစခန်း)

မန္တလေး၊ ဧပြီ ၁၅ ။ ။ မီးစက်ချို့ယွင်းမှုကြောင့် Iron Cross Show ပွဲစတင်ရန် နောက်ကျခဲ့ခြင်းကို ပရိတ်သတ်အချို့ ဒေါသထွက်ကာ ရေသန့်ဗူးများ၊ အရက်ပုလင်းများ၊ ခဲများဖြင့် ပေါက်ကာ စတိတ်စင်ကို ကာရံထားသည့်အကာများကို ဖျက်စီးသူများအား CCTV ကင်မရာမှတ်တမ်းပြန်ကြည့်ကာ အရေးယူသွားမည်ဟု အမှတ်(၂)နယ်မြေရဲစခန်းမှ ရဲအုပ်ကမ်အောင်မြင့်က မဇ္ဈိမကိုပြောသည်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ကျံုးမြောက်ဘက်ရှိ ရတနာပုံတိရစ္ဆာန်ဥယျာဉ်ရှေ့တွင် သင်္ကြန်အကြတ်နေ့ ဧပြီ ၁၅ရက် ညနေက ထိုသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖျော်ဖြေရေးအစီအစဉ်အား မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် စတင်ရန်ဖြစ်သော်လည်း မီးစက်ချို့ယွင်း၍ ပြင်ဆင်နေစဉ် ပရိတ်သတ်များက ဒေါသထွက်ခဲ့ခြင်းဖြစ်သည်။

မီးစက်ချို့ယွင်းမှု နှင့် ပရိတ်သတ်၏ ဒေါသကြောင့် ရှိုးပွဲစတင်ချိန်နောက်ကျခဲ့သော်လည်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး၊ အောင်မြေသာစံမြို့နယ်ရဲတပ်ဖွဲ့မှူး၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများ ပူးပေါင်းပါဝင်ထိန်းသိမ်းနိုင်ခဲ့ကာ ညနေ ၄နာရီခွဲတွင် ဖျော်ဖြေရေးအစီအစဉ်များ ပြန်လည်စတင်နိုင်ခဲ့ပြီး ညနေ ၆နာရီထိ ကောင်းမွန်စွာ ဖျော်ဖြေနိုင်ခဲ့သည်။

"ကျွန်တော်က ပူးပေါင်းအဖွဲ့အနေနဲ့လာတာပါ။ ဆက်ဆိုပါတယ်။ မနက်ဖြန်လည်း ဆိုကြမှာပါ။ ရှိုးပွဲမပျက်ပါဘူး။"ဟု ရဲအုပ်ကမ်အောင်မြင့်ကပြောသည်။

ကနဦးအခြေအနေအရ ရှိုးပွဲပျက်ရကြောင်း မဇ္ဈိမက ရေးသားမိသည့်အတွက် စာဖတ်သူများကို အနူးညွတ် တောင်းပန်အပ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly