နီပေါတွင် မိုးကြီးပြီး မြေပြိုမှုများကြောင့် လူ ၂၀ သေဆုံး

နီပေါတွင် မိုးကြီးပြီး မြေပြိုမှုများကြောင့် လူ ၂၀ သေဆုံး

ခတ္တမန္ဒူ၊ ဇူလိုင် ၃၀ ။         ။ နီပေါတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုများဖြစ်ပွားရာ ဇူလိုင် ၃၀က ရွာနှစ်ရွာမှ အနည်းဆုံး လူ ၂၀ သေဆုံးခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ခဲ့သည်။

သန်ခေါင်ကျော်လာပြီး မကြာမီ ခတ္တမန္ဒူမြို့၏ အနောက်ဖက် ၁၂၅ကီလိုမီတာ (၇၇မိုင်) အကွာ အပန်းဖြေမြို့ ပေါက်ခရ အနီး ရွာများတွင် မြေပြိုမှုများဖြစ်ပေါ်ခဲ့သည်။ အနည်းဆုံး အိမ်၂၂လုံးပျက်စီးခဲ့သည်ဟု ဝန်ကြီးဋ္ဌာနပြောခွင့်ရပုဂ္ဂိုလ် လက်စ်မီဒါကာလ်က ပြောကြားခဲ့သည်။ လူတစ်ဒါဇင်ခန့်လည်း ပျောက်ဆုံးလျက်ရှိသည်ဟု အဆိုပါဒေသရှိ အစိုးရအရာရှိတစ်ဦးဖြစ်သူ ခရစ်ရှ်နာဘာဟာဒူရ်ရောက်က ရိုက်တာ သို့ ပြောကြားခဲ့သည်။

ယခုနှစ်တွင် နီပေါတွင် လူ ၉,၀၀၀နီးပါးသေဆုံးစေခဲ့သော ငလျင်ကြီးနှစ်ခုကြောင့် တောင်ထူထပ်သော နိုင်ငံတစ်ဝန်း ဆင်ခြေလျှောများကို မတည်မငြိမ်ဖြစ်စေခဲ့သည်ဟု ယုံကြည်ရပြီး ဇွန်လမှ စက်တင် ဘာလအထိကြာမြင့်သည့် မိုးရာသီအတွင်း မြေပြိုနိုင်သည့် အန္တရာယ်မှ မြင့်မားလာခဲ့သည်။

ရွာသားများကိုရှာဖွေရာတွင် စစ်သားများနှင့် ရဲများပါ ပါဝင်လျက်ရှိပြီး မြေပြိုမှုဖြစ်ပွားချိန်တွင် ရွာသားအများစုမှာ အိပ်ရာထဲတွင် ရှိနေခဲ့သည်။ ရှာဖွေရာတွင် စက်ယန္တယားကြီးသုံးစွဲရန် အစိုးရက ညွန်ကြား ခဲ့သော်လည်း လမ်းများတွင် မြေပြိုမှုများက တားဆီးနေသည်။

ငလျင်အတွက် နှစ်များစွာကြိုတင်ပြင်ဆင်သော်လည်း မြေပြိုတတ်သည့်နေရာများကို သတ်မှတ်ရန် အစိုးရက နှေးကွေးနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly