​ပေါင်​းတည်​မြို့ ကညွတ်​ကွင်​းရွာတွင်​ လေပြင်​းတိုက်​၊ နေအိမ်​ (၇)လုံး ပျက်​စီး

​ပေါင်​းတည်​မြို့ ကညွတ်​ကွင်​းရွာတွင်​ လေပြင်​းတိုက်​၊ နေအိမ်​ (၇)လုံး ပျက်​စီး

ပဲခူးတိုင်​း ပြည်​ခရိုင်​ ​ပေါင်​းတည်​မြို့ သဖန်​းပင်​ဆိပ်​အုပ်​စု ကညွတ်​​ကွင်​း ​ကျေးရွာတွင်​ ​ဧပြီ ၁၄ ရက်​ ည​နေ ၆ နာရီက မိုးရွာသွန်​းချိန်​ ​လေပြင်​းတိုက်​ပြီး အိမ်​​ခြေ ရလုံး ပျက်​စီးခဲ့​သည်​။

"​ခြောက်​လုံးက အမိုးလန်​တယ်​။ တစ်​လုံးက​တော့ ယိုင်​နဲ့နဲ့ဖြစ်​သွားတယ်​" ဟု ​ပေါင်​းတည်​မြို့နယ်​တိုင်​း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးထွန်​းထွန်​းဦးက ဆိုသည်​။ ​

ဧပြီ ၁၅ ရက်​ နံနက်​ပိုင်​းတွင်​ အစိုးရဌာနဆိုင်​ရာ လွှတ်​​တော်​ကိုယ်​စားလှယ်​များ စု​ပေါင်​းကာ ကူညီကယ်​ဆယ်​​ရေးလုပ်​ငန်​းများ လုပ်​​ဆောင်​​်​သွားမည်​ဟု ၎င်းက​ပြောသည်​။

​လေပြင်​းတိုက်​ မိုးရွာသွန်​းချိန်​တွင်​ ​ပေါင်​းတည်​မြို့​ပေါ်၌ လျှပ်​စစ်​မီးပြတ်​​တောက်​မှုများဖြစ်​​ပေါ်ပြီး ရန်​ကုန်​-ပြည်​လမ်​းမ​ပေါ်တွင်​လည်​း သစ်​ပင်​သစ်​ကိုင်​းများကျိုးကျခဲ့​ကြောင်​း သိရသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly