မုန်တိုင်းငယ် 92B ဟာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိလာတော့မည်ဟုဆို

မုန်တိုင်းငယ် 92B ဟာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိလာတော့မည်ဟုဆို

မုန်တိုင်းငယ်ဟာ အရှေ့မြောက်ဖက်ကို ရွေ့လျှားနေပြီး နောက်(၂၄)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းတစ်ခုအဖြစ်ကိုရောက်ရှိလာနိုင်ပါတယ်လို့ မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။

မုန်တိုင်းငယ်ဟာ ဧပြီ ၁၆ရက် သင်္ကြန်အတက်နေ့ ညပိုင်းမှစတင်ကာ ရခိုင်ပြည်နယ်တောင်ပိုင်းကို သံတွဲမြို့အနီးမှဖြတ်ကျော်နိုင်ပြီး ကုန်းတွင်းပိုင်းသို့ ဝင်ရောက်သွားနိုင်သည်ဟု ဒေါက်တာထွန်းလွင်က ဆိုထားသည်။

ဧပြီ ၁၅ရက် နံနက် ၈နာရီခွဲအချိန် တိုင်းတာချက်အရ မုန်တိုင်းငယ်(92B)ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့ရဲ့ တောင်-အနောက်တောင်ယွန်းယွန်း ရေမိုင်(၆၀၀)အကွာ လတ္တီတွဒ် 12.9N နဲ့ လောင်ဂျီတွဒ် 88.4E ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်ဟု ၎င်းကပြောသည်။

လေတိုက်နှုန်း 20-30 knots (25-35 mph) ခန့်ရှိနိုင်ပြီး၊ နောက်(၂၄)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းတစ်ခုဖြစ်လာဖို့အလားအလာ အလွန်မြင့်မားနေပါတယ်လို့ သိရပါတယ်။

မုန်တိုင်းရဲ့အရှိန်ကြောင့် ရခိုင်ပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းတို့တွင် နေရာစိပ်စိပ် မိုးသည်းထန်စွာရွာသွန်းနိုင်ပါတယ်။ မြန်မာ့ပင်လယ်ပြင် (ရခိုင်နဲ့ မြစ်ဝကျွန်ပေါ်ဒေသ)တွင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးှ နိုင်ပြီး လှိုင်းအမြင့် (၁၀-၁၅)ပေခန့်မြင့်တက်နိုင်သဖြင့် ရေယာဉ်များအတွက် အန္တရာယ်ရှိနိုင်ကြောင်း သတိပေးထားပါတယ်။ ရေပြင်မြေပြင်လေဟာ 34-35 knots (40 - 45 mph)ခန့်အထိ တိုက်ခတ်နိုင်သော်လည်း မုန်တိုင်းဒီရေ တက်ရောက်နိုင်ခြင်း မရှိဟု သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly