လမ်းလျှောက် သင်္ကြန်နဲ့မန္တလေးဟန်

လမ်းလျှောက် သင်္ကြန်နဲ့မန္တလေးဟန်

မန္တလေးလမ်းလျှောက်သင်္ကြန်ကတော့ စည်းကားလို့နေပါတယ်။ မန္တလေးလမ်းလျှောက်သင်္ကြန်ကို ဝေဖန်မှုတစ်ချို့ရှိခဲ့ပေမယ့်လည်း အကြိုနေ့ကစပြီး လာရောက်လည်ပတ်သူတွေများပြားခဲ့တာကို တွေ့ရပါတယ်။

လမ်းလျှောက်သင်္ကြန်ကို မန္တလေးမြို့ခံများသာမက အနယ်နယ်အရပ်ရပ်ကပါ စိတ်ဝင်စားပြီး လာရောက်လည်ပတ်နေကြပါတယ်။

ပို၍ထူးခြားတာကတော့ နိုင်ငံခြားတွေပါ ဝင်ရောက်ရေဆော့ကစားနေတာပါပဲ။

မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့်အညီ သပြေခက်များနှင့်ရေပက်ကစားတာတွေကိုလည်း တွေ့ရပါတယ်။ သရုပ်ပျက်ဝတ်စားဆင်ယင်မှုတွေကိုလည်း ဒီနှစ်မှာမတွေ့ရသေးပါဘူး။

မိသားစုလိုက် လည်ပတ်နေကြတာကိုလည်းတွေ့ရပါတယ်။ အရင်တော့ ဒီလိုအချိန်မှာ မိသားစုလိုက် ကျူံးဘေးတိုးဖို့ဆို မလွယ်ကူပါဘူး။

မဏ္ဍပ်တွေရှေ့မှာ ပိတ်စုမှုတွေလည်း နည်းပါတယ်။လမ်းလျှောက်သင်္ကြန်ကို လာရောက်လည်ပတ်သူတွေ အန္တရာယ်ကင်းရှင်းစွာပျော်ရွှင်မှုအတွက်လည်း လုံခြံရေး နေရာအနှ့ံချထားတာကိုလည်း တွေ့ရပါတယ်။

လမ်းလျှောက်သင်္ကြန်ကျင်းပနေတဲ့ ၂၆လမ်း၊ လမ်းပေါ်မှာတော့ တစ်ဦးနဲ့တစ်ဦး သနပ်ခါးတွေလိမ်းပေးကျတာကိုလည်း တွေ့ရပါတယ်။ စတုဒီတာကျွေးမွေးကုသိုလ်ယူနေတာလည်း လမ်းတစ်လျှောက်လုံးတွေ့ရပါတယ်။

လည်ရင်းပတ်ရင်း ဗိုက်ဆာတာနဲ့ အချိန်မရွေး ဝင်ရောက်စားသောက်နိုင်တာလဲတွေ့ရပါတယ်။

လမ်းလျှောက်သင်္ကြန်ကျင်းပနေတဲ့ လမ်းတစ်လျှောက်ပေါ်မှာတော့ လူကြီး၊လူငယ်များနဲ့ စည်ကားနေတာတွေ့ရပါတယ်။

လမ်းလျှောက်သင်္ကြန်ပွဲတော်ကို အကြိုနေ့ကလည်း မန္တလေးတိုင်းအစိုးရအဖွဲ့ဝန်ကြီးတွေ လာရောက်ဆင်နွှဲတာကိုတွေ့ရပါတယ်။

မရောက်သေးတဲ့သူတွေအနေနဲ့လည်း မန္တလေးမြို့က လမ်းလျှောက်သင်္ကြန်ကို လာရောက်ဆင်နွှဲစေချင်ပါတယ်။

မန္တလေးလမ်းလျှောက်သင်္ကြန်ကတော့ မန္တလေးမြို့နဲ့တစ်သားတည်းဖြစ်လို့နေလို လူငယ်တွေနဲ့ တစ်ထပ်တည်းကျနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly