သင်္ကြန်အတွင်း ဆောနယ်သို့ ကုသိုလ်ဖြစ် ဆေးကုသရေးခရီး

.

ဓာတ်ပုံ - မေသူနှင်း

သင်္ကြန်အကြိုရက် (၁၃.၄.၂၀၁၇)တွင် နှလုံးလှပင်လယ်ကုသိုလ်ဖြစ်ဆေးခန်းမှ ဆရာဝန်/ဆရာမများ၊ သွားဆေးအဖွဲ့နှင့် online ပရဟိတ မိသားစုအဖွဲ့တို့ ပူးပေါင်း၍ ဆောမြို့နယ်၊ လက်ပန်းရွာတွင် လူနာပေါင်း (၈၀၀) ကျော်အား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း နှလုံးလှပင်လယ်ကုသိုလ်ဖြစ် ဆေးခန်းမှ ဆရာမ ဒေါ်မေသူနှင်းမှ တစ်ဆင့်သိရသည်။

"ရွာကို ဒီလိုဆေးကုအဖွဲ့ တခါမှ မလာဖူးလို့ ဝမ်းသာအားရဖြစ်နေကြတယ်။ လိုအပ်နေသူတွေနဲ့ ပေးချင်သူတွေ ဆုံတွေ့ကြတဲ့အချိန်မှာ အကျိုးရှိတဲ့ ဆေးကုခရီးစဉ်တခု ဖြစ်ခဲ့ပါတယ်။ ဘာမှမဖြစ်ပဲ လာပြကြတဲ့ တချို့လူတွေကြားထဲမှာမှ အိမ်တွင်းပုန်း-ကိုယ့်ကိုယ်ကို ဘာရောဂါရှိလို့ ရှိမှန်းမသိဖြစ်နေသူအချို့ကို ရောဂါစမ်းသပ်စစ်ဆေးမှု လုပ်ပေးနိုင်ခဲ့ကြတယ်။ ဆေးရုံသွားဖို့ လိုအပ်နေတဲ့သူတွေကို ဆေးရုံလွှဲပေးဖြစ်ခဲ့ပြီး လက်ရှိဝေဒနာ အစစ်အမှန်ခံစားနေကြတဲ့သူတွေကို ကုသမှုပေးနိုင်ခဲ့ကြတယ်။ အငံအလွန်ကျွံစားတတ်တဲ့ ရွာဖြစ်ပြီး ၃ပုံ၂ပုံလောက်ဟာ သွေးတိုးရောဂါအုပ်စု အများအပြားသာဖြစ်နေကြတယ်" ဟု ဆရာမ မေသူနှင်းမှ ပြောကြားသည်။

ဤဆေးကုသမှုခရီးစဉ်ကို နှစ်ဆန်းနှစ်ရက်နေ့ (၁၈.၄.၂၀၁၇)နေ့ထိ ချင်းပြည်နယ် မဆွာတီးအရောက် ရွာပေါင်း ၄ ရွာ အခြေပြု၍ ရွာအုပ်စုပေါင်း ၅၀ ခန့်တွင် လှည့်လည်ပြုလုပ်သွားမည်ဟုလည်း သိရသည်။