သင်္ကြန်အကြိုနေ့တွင် ဒေါ်အောင်ဆန်းစုကြည် ရေကစား

သင်္ကြန်အကြိုနေ့တွင် ဒေါ်အောင်ဆန်းစုကြည် ရေကစား
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဧပြီ ၁၃ရက်၊ ၂၀၁၇ခုနှစ်)။ ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့ရိုးရာအတာသင်္ကြန် အကြိုနေ့၊ ဧပြီ ၂၇ရက်၊ ညနေပိုင်းက နေပြည်တော်တွင် ရေကစားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်ဝင်းအနီးရှိ ပြည်ကြီးဇေယျာလမ်းဘေး၊ မြနန်းဘုံသာလမ်းထိပ်ရှိ “တိုက်ချီတိုတို့ ရေကစားမဏ္ဍပ်” တွင် ညနေ ၅နာရီ၊ ၂၀မိနစ်က ရေကစားခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ လုံခြံုရေးဝန်ထမ်းများအပါအဝင် ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်း တို့လည်း လာရောက် ရေကစားခဲ့ကြသည်။

ယခုနှစ် အတာသင်္ကြန်ပွဲတော်ကို ယခင်နှစ်များကဲ့သို့ နိုင်ငံတော်သမ္မတအိမ်တော်တွင် ကျင်းပခြင်းမရှိဘဲ ဧပြီလ ၁၇ရက်၊ နှစ်ဆန်းတစ်ရက်နေ့မှသာ အိမ်တော်တွင် ပရိတ်တရားနာ ပြုလုပ်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly