ဆင်ဆာမတင်ထားသည့် ပြည်-နတ်တလင်း​(အ.က.သ) ဒေါင်းအိုးဝေသံချပ်အဖွဲ့ကို ရဲတပ်ဖွဲ့က သတိပေး

ဆင်ဆာမတင်ထားသည့် ပြည်-နတ်တလင်း​(အ.က.သ) ဒေါင်းအိုးဝေသံချပ်အဖွဲ့ကို ရဲတပ်ဖွဲ့က သတိပေး

ပဲခူးတိုင်း ပြည်မြို့နှင့် နတ်တလင်းမြို့မှ အခြေခံကျောင်းသားသမဂ္ဂ၏ ဒေါင်းအိုးဝေသံချပ်အဖွဲ့သည် သံချပ်စာသားဆင်ဆာတင်ပြထားခြင်းမရှိသည့်အတွက် ဧပြီ ၁၁ ရက်က ပြည်မြို့တွင်း လှည့်လည်ဖျော်ဖြေစဉ် ရဲတပ်ဖွဲ့က သတိပေး​စောင့်ကြည့်ခဲ့သည်။

"ဆင်ဆာတင်ထားလား။ ဆင်ဆာတင်​ဖို့ လိုတယ်ဆိုပြီးလာပြောတယ်​"ဟု သံချပ်အဖွဲ့ဝင်​ဆောင်းဦးသွင်က ဆိုသည်။

ဧပြီ ၁၁ ရက်တွင်​ ထိုသံချပ်အဖွဲ့သည် ​ပြည်မြို့၊ ရွှေဆံတော်ဘုရားအား ဦးခိုက်ကာ ပြည်မြို့မရဲစခန်းရှေ့တွင်​ စတင်ဖျော်ဖြေခဲ့သည်။ ရဲတပ်ဖွဲ့က သံချပ်စာသား မိတ္တူပေးရန် တောင်းဆိုခဲ့ရာ သံချပ်အဖွဲ့ဝင်များက ငြင်းဆိုခဲ့သည်။

ညနေပိုင်း ဘုရင့်နောင်လမ်းမကြီးဘေးတွင်​ သံချပ်အဖွဲ့ ကားရပ်အနားယူနေစဉ် ပြည်မြို့မရဲစခန်းမှူးက သံချပ်များဆင်ဆာတင်ရန်​ လာရောက်​သတိပေးခဲ့သည်။

ပြည်၊ နတ်တလင်း​ဒေါင်းအိုးဝေသံချပ်အဖွဲ့သည်​ မင်္ဂလာပါ ဗမာပြည်၊ ပညာရေးတိုက်ပွဲ၊ ၁၀၁၀၊ လွှတ်တော်များသို့၊ ပညာရေး သည့် သံချပ်​ ၅ ပိုဒ်ကို ​ဧပြီ ၁၁ရက်မှ ၁၅ ရက်အထိ ဖျော်ဖြေသွားမည်ဖြစ်သည်။

၎င်းတို့အဖွဲ့သည် ပြည်-ရန်ကုန်လမ်းတစ်လျောက် ပြည်မြို့မှ သုံးဆယ်မြို့တိုင်​ သွားရောက်ဖျော်ဖြေလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly