ရိုးရာ သံချပ်ပြိုင်ပွဲတွင် ဝင်ရောက်ယှည်ပြိုင်မည့် အသင်းများ နည်းပါး

ရိုးရာ သံချပ်ပြိုင်ပွဲတွင် ဝင်ရောက်ယှည်ပြိုင်မည့် အသင်းများ နည်းပါး
(ဓာတ်ပုံ - RiA)

မြောက်ဦး၊ ဧပြီ ၁၃ ရက်။          ။ ယခုနှစ် အတာသင်္ကြန်ရက်များတွင် ပြုလုပ်ကျင်းပမည့် ရိုးရာသင်္ကြန် သံချပ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ရန် ရောက်ရှိလာခဲ့ကြသည့် အသင်းများ နည်းပါးလျှက်ရှိကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်ကြမည့် အသင်းများရောက်ရှိမှု နည်းပါးခြင်းမှာ မြို့နယ်ထွေ/အုပ်မှ ဦးစီးကျင်းပ ပြုလုပ်မည့် ဗဟိုမဏ္ဍပ်အား ဖျက်သိမ်းလိုက်သည့်ကိစ္စနှင့် နားလည်မှုလွဲမှားကာ ယှဉ်ပြိုင်မည့်အသင်းများ ရောက်ရှိမှုလည်း နည်းပါးသွားခဲ့ခြင်းဖြစ်ကြေင်း သိရသည်။

“နံ့သာသွေးပြိုင်ပွဲကိုတော့ ယှဉ်ပြိုင်မယ့် အဖွဲ့ပေါင်း ၁၄ ဖွဲ့ ရောက်ရှိပါတယ်။ သံချပ်ပြိုင်ပွဲကတော့ ယှဉ်ပြိုင်မယ့်အသင်း တွေ ရောက်တာ နည်းပါတယ်။ ဗဟိုမဏ္ဍပ်ကို မလုပ်တော့ဘဲ ဖျက်သိမ်းတယ်ဆိုတဲ့ သတင်းတွေ ထွက်ပြီး အားလုံးပျက်သွားတယ်လို့ ထင်ပြီးတော့ တချို့နေရာက မလာဖြစ်တော့ဘူး။”ဟု ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ ကိုကျော်ထွန်းဦးက ပြောသည်။

မြောက်ဦးမြို့တွင် ရိုးရာနံ့သာသွေးပြိုင်ပွဲနှင့် သံချပ်ပြိုင်ပွဲကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က တစ်ကြိမ်ကျင်းပပြုလုပ်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ကျင်းပခြင်းကို ရပ်နားထားခဲ့ရာ ယခုနှစ်တွင် ဒုတိယအကြိမ် ပြန်လည်ကျင်းပခြင်းဖြစ်ကြောင်းနှင့် နံ့သာသွေးပြိုင်ပွဲတွင် ဆုငွေများကို သုံးသိန်း၊ နှစ်သိန်း၊ တစ်သိန်း သတ်မှတ်ထားပြီး သံချပ်ပြိုင်ပွဲတွင် ခြောက်သိန်း၊ လေးသိန်း၊ နှစ်သိန်းထိ ပေးအပ်သွားရန် သတ်မှတ်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly