၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးသည့် ဗိုလ်မှူးကျော်စွာဝင်း အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် ပါဝင်

၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးသည့် ဗိုလ်မှူးကျော်စွာဝင်း အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် ပါဝင်
ဓာတ်ပုံ - D Chit Myo FB

ရန်ကုန် ဇူလိုင် ၃၀ ။       ။ ယနေ့ ဇူလိုင် ၃၀ရက်တွင် အကျဉ်းထောင်အသီးသီး၌ ပြစ်ဒဏ်ကျခံနေကြသည့် အကျဉ်းသူ၊ အကျဉ်းသား ၆၉၆၆ ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်များ ပေးလိုက်ရာတွင် ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးသည့် ဗိုလ်မှူးကျော်စွာဝင်းလည်း ပါဝင်သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့-FPPsမှ အဖွဲ့ဝင် ဦးထွန်းကြည်ထံမှ သိရသည်။

ဦးထွန်းကြည်က “အခုအင်းစိန်ေထောင်ထဲ ရောက်ရှိနေချိန်အထိ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးတာ အားရစရာမရှိပါဘူး၊ကျွန်တော်တို့က ဘိုင်မွန်းတည့်နေကငါးဦးနဲ့ ဗိုလ်မှူးကျော်စွာဝင်း အပါအဝင် ကန့်ဘလူကလယ်သမားတွေရောပေါ့ အနည်းဆုံးခုနစ်ဦးလောက် မှန်းတားတာ၊ ဗိုလ်မှူးကျော်စွာဝင်းကတော့ လွတ်လာပါပြီ ”ဟုဆိုသည်။

လွတ်ငြိမ်းခွင့်ရရှိသည့် အကျဉ်းသားများတွင် ထောင်တွင်းကျန်ရှိနေသည့် လက်ကျန် ထောက်လှမ်းရေးအကျဉ်းသားများ ပါဝင်သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း လူပုဂ္ဂိုလ်အတိအကျကို ယခုအချိန်အထိ အတည်မပြုနိုင်သေးပေ။

ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်တွင် ကချင်ပြည်နယ်တွင် သစ်ခိုးထုတ်မှုကြောင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံရသည့် တရုတ်နိုင်ငံသား ၁၅၅ဦးလည်း ပါဝင်သည်။

လွတ်မြောက်စာရင်းပါ နိုင်ငံရေးအကျဉ်းသားစာရင်းကိုလည်း အတည်ပြုရန် ကြိုးစားနေဆဲဖြစ်သည်။

နိုင်ငံတော်သမ္မတက အခြေခံဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ (က)နှင့်အညီ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များ ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့် အရေအတွက်တွင် နိုင်ငံခြားအကျဉ်းသား ၂၀၀ ကျော် ပါဝင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly