ဘုရားရေသပ္ပါယ်ဖို့ ရခိုင်ရိုးရာနံ့သာသွေး

ဘုရားရေသပ္ပါယ်ဖို့ ရခိုင်ရိုးရာနံ့သာသွေး
သြင်္ကန်ကာလအတွင်း တစ်နှစ်တစ်ကြိမ် ပြုလုပ်လျှက်ရှိကြသည့် ရခိုင်ရိုးရာ နံ့သာသွေးခြင်းများကို စစ်တွေမြို့တွင် ယနေ့ညနေပိုင်းမှ စတင်ကာ ရပ်ကွက်အလိုက် ပြုလုပ်လျှက်ရှိပြီး တချို့ရပ်ကွက် များတွင် ရခိုင်ဂန္ထဝင်တေးသခြင်း အဆိုပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပလျှက်ရှိသည်။ (ဓါတ်ပုံ - မင်းမျိုးနွယ်/RiA)

အခုလို သင်္ကြန်ကာလကို ရောက်လို့ရှိရင်တော့ ပျော်ပွဲရွှင်ပွဲတွေကို မစတင်ခင်မှာ ဘုရားရေသပ္ပါယ်ပြီး ကုသိုလ်ဒါန ပြုလေ့ရှိကြတာကြောင့် ရိုးရာနံ့သာသွေးခြင်းကို ရခိုင်ပြည်နယ်အတွင်းမှာ ဒီနေ့ တန်ခူးလပြည့်နေ့ ညနေပိုင်းက စတင်ပြုလုပ်နေကြပြီ ဖြစ်ပါတယ်။

သင်္ကြန်ပွဲတော်ဟာ မြန်မာ့ရိုးရာ နှစ်သစ်ကူးပွဲတော်ဖြစ်ပေမယ့်လို့ ဘုရားရေသပ္ပါယ်ခြင်းနဲ့ နံ့သာသွေးခြင်းကတော့ ရခိုင်လူမျိုးတွေရဲ့ ထူးခြားတဲ့ ရိုးရာဓလေ့တစ်ခုလို့ ပြောရမှာပါ။

ရိုးရာနံ့သာသွေးခြင်းကိုတော့ ရပ်ကွက်အလိုက်ပြုလုပ်ကြသလို တချို့နေရာတွေမှာတော့ အသင်းအဖွဲ့အလိုက် မိသားစုဆွေမျိုးတွေအလိုက် သွေးကြတာကို သဏ္ဍန်မျိုးစုံနဲ့ တွေ့မြင်ရပေမယ့် နံ့သာရည်နဲ့ ဘုရားကိုပူဇော်တာက ရ ရက် သားသမီးတွေ ဘေးကင်းရန်သီဖို့ ကျန်းမာသန်စွမ်းဖို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly