ဗီယက်နမ်ကို နှစ်ဂိုးပြတ်ရှုံးပြီး မြန်မာအမျိုးသမီးအသင်း အာရှဖလားနှင့်ဝေးကွာ

ဗီယက်နမ်ကို နှစ်ဂိုးပြတ်ရှုံးပြီး မြန်မာအမျိုးသမီးအသင်း အာရှဖလားနှင့်ဝေးကွာ

ဧပြီ ၁၁၊ ရန်ကုန်။  ။ ၂၀၁၈ အမျိုးသမီးအာရှဖလားခြေစစ်ပွဲအောင်ရေး အုပ်စုအဆုံးအဖြတ်ပွဲတွင် မြန်မာအမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းမှာ အိမ်ရှင် ဗီယက်နမ်အသင်းကို နှစ်ဂိုးပြတ်ရှုံးနိမ့်ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲနှင့်ဝေးကွာခဲ့ရသည်။

မြန်မာအမျိုးသမီးအသင်းမှာ အုပ်စုအဆင့်ပွဲစဉ်များတွင် အီရန်အသင်းကို ၂-၀ဂိုး၊ ဆီးရီးယားအသင်းကို ၁၄-၀ဂိုး၊ စင်ကာပူအသင်းကို ၆-၀ဂိုး၊ တို့ဖြင့်အနိုင်ရခဲ့သော်လည်း ဗီယက်နမ်ကို ၂-၀ဂိုးဖြင့်ရှုံးကာ အုပ်စု ဒုတိယနေရာသာ ရရှိခဲ့သဖြင့် အာရှဖလားနှင့်ဝေးကွာခဲ့ရပြီဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းကို နယ်သာလန်လူမျိုးနည်းပြ ရော်ဂျာရိုင်နာကိုင်တွယ်ပြီးနောက် အာဆီယံချန်ပီယံရှစ်တွင် တတိယနေရာသာရရှိခဲ့ပြီး တရုတ်အမျိုးသမီးလေးနိုင်ငံပြိုင်ပွဲတွင်လည်း စတုတ္ထနေရာသာ ရခဲ့သည်။

မြန်မာအမျိုးသမီးအသင်းအနေဖြင့် ၂၀၁၇ တွင် အဓိက ပြိုင်ပွဲအဖြစ် ဆီးဂိမ်းပြိုင်ပွဲဝင်ရောက်ကစားရန်ရှိနေသေး ပြီး ရွှေတံဆိပ်ရရှိရန် ကြိုးပမ်းမည်ဟု နည်းပြ ရော်ဂျာရိုင်နာက ပြောဆိုထားသည်။ အာရှဖလားခြေစစ်ပွဲတွင် မြန်မာအသင်းကို ကျော်ဖြတ်ပြီင်္း ပွဲတိုင်းအနိုင်ရခဲ့သော ဗီယက်နမ်အမျိုးသမီးအသင်းမှာ နောက်ဆုံးအဆင့် ပြိုင်ပွဲအဖြစ် အိမ်ရှင် ဂျော်ဒန်၊ ဂျပန်၊ သြစတြေးလျ၊ တရုတ်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ ထိုင်းအသင်းများနှင့် ကစားရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly