ဖိလစ်ပိုင်၊ မင်ဒါနာအိုဒေသမှာ ပြင်းအား ၅.၈ အဆင့်ရှိ ငလျင်တစ်ခု လှုပ်

.

ဒီကနေ့ ဧပြီလ ၁၂ ရက် မနက်အစောပိုင်းက ဖိလစ်ပိုင်နိုင်ငံ၊ မင်ဒါနာအိုဒေသမှာ ပြင်းအား ၅.၈ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမေရိကန်ဘူမိဗေဒအရ သိရပါတယ်။

အဆိုပါငလျင်ဟာ ဒေသစံတော်ချိန် မနက် ၅ နာရီ ၂၁ မိနစ်အချိန်က ငလျင်ဗဟိုချက်မှာ Osias၊ မင်ဒါနာအိုရဲ့ မြောက်ဘက် ၇ ကီလိုမီတာအကွာ အနက် ၈.၃ ကီလိုမီတာမှာ လှုပ်ခတ်သွားခဲ့တယ်လို့ USGS က ဖော်ပြထားပါတယ်။

ပျက်စီးဆုံးရှုံးမှု သို့မဟုတ် ထိခိုက်သေဆုံးမှု ရှိမရှိကိုမှု ထုတ်ပြန်ထားခြင်းမရှိသေးဘူးလို့ သိရပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ ဖေဖော်ဝါရီ ၁၁ ရက်က မင်ဒါနာအိုရဲ့ တောင်ပိုင်းကျွန်းမှာ ၆.၇ အဆင့် ငလျင်လှုပ်ခတ်ခဲ့ရာ လူ ၈ ဦးသေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရရှိခဲ့ပါတယ်။

©EFE_EPA