ဘာစီလိုနာ တိုက်စစ်မှူး နေမာ (၃)ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံရ၊ အယ်လ်ကလက်စီကိုပွဲစဉ်ကိုပါ လွှဲချော်မည်

ဘာစီလိုနာ တိုက်စစ်မှူး နေမာ (၃)ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံရ၊ အယ်လ်ကလက်စီကိုပွဲစဉ်ကိုပါ လွှဲချော်မည်
(ဓာတ်ပုံ - အီးပီအေ)

မာလာဂါကို (၂-၀) ဂိုးနဲ့ ရှုံးခဲ့တဲ့ပွဲစဉ်အတွင်းမှာ အနီကတ်နဲ့ ထုတ်ပယ်ခံရတဲ့ ဘာစီလိုနာ တိုက်စစ်မှူး နေမာကို စပိန်ဘောလုံးအဖွဲ့ချုပ်က အင်္ဂါနေ့က (၃)ပွဲပယ် ပြစ်ဒဏ်ချမှတ်လိုက်တာကြောင့် ရီးယဲလ်နဲ့ကစားမယ့် အယ်လ်ကလက်စီကိုပွဲစဉ်ကိုပါ လွှဲချော်တော့ဖြစ်တယ်လို့ သိရပါတယ်။

နေမာဟာ နှစ်ဝါ၊ တစ်နီကြောင့် မဖြစ်မနေ (၁)ပွဲပယ်နှင့် စတုတ္ထဒိုင်ကို လက်ခုပ်တီးခဲ့တာနဲ့ပတ်သက်လို့ ပြိုင်ပွဲရဲ့ စည်းကမ်းစည်းများရဲ့ ပုဒ်မ ၁၁၇ ကို ချိုးဖောက်ခဲ့တာကြောင့် နောက်ထပ် (၂)ပွဲပယ် ပြစ်ဒဏ်ကျခံရတာဖြစ်ပါတယ်။

"ကွင်းတွင်းက အထုတ်ခံရပြီးနောက် ကစားသမားဟာ အဝတ်လဲခန်းကို သွားရာ ဥမင်အဝင်မှာ သူဟာ စတုတ္ထဒိုင်လူကြီးထံသွားပြီး သူ့ကို လက်ခုပ်သွားတီးခဲ့တယ်"လို့ စပိန်ဘောလုံးအဖွဲ့ချုပ်က ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဘာစီလိုနာနှင့် နေမာတို့ထံမှ ယူရို ရ၀၀ (ဒေါ်လာ ရ၄၀)နှင့် ယူရို ၆၀၀ အသီးသီး ပေးဆောင်ဖို့ ဘောလုံးအဖွဲ့ချုပ်က ဒဏ်ရိုက်ခဲ့ပါတယ်။

ဒါ့ကြောင့် အသက် ၂၅ နှစ်အရွယ်ကစားသမားဟာ ဧပြီ ၂၃ မှာ ရင်ဆိုင်ရမယ့် အယ်လ်ကလက်စီပွဲစဉ် (၃၃)အပါအဝင် လာလီဂါ ၃ ပွဲကို လွှဲချော်ပါလိမ့်မယ်။ အခြားလွှဲချော်မယ့် နှစ်ပွဲကတော့ ဒီအပတ် စနေနေ့ ဆိုစီဒက်နှင့် ဧပြီ ၂၆၊ အိုဆာဆူနာပွဲစဉ်တို့ပဲ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းထံမှ အယူခံဝင်မှုကို လက်ခံရရှိထားတယ်လို့ ဘောလုံးအဖွဲ့ချုပ်က ဆိုထားပါတယ်။

လက်ရှိ လာလီဂါပြိုင်ပွဲမှာတော့ ရီးယဲလ်အသင်းက ဘာစီလိုနာကို တစ်ပွဲကျန်အနေအထားနဲ့ ၃ မှတ်ဖြတ်ပြီး ဇယားထိပ်မှာ ရပ်တည်နေပါတယ်။

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags