အာဖရိက၌ အငတ်ဘေးကြောင့် လူအမြောက်အမြား သေဆုံးမည့်အန္တရာယ် မြင့်တက်လာဟု ကုလပြောကြား

အာဖရိက၌ အငတ်ဘေးကြောင့် လူအမြောက်အမြား သေဆုံးမည့်အန္တရာယ် မြင့်တက်လာဟု ကုလပြောကြား

ယီမင်နှင့် နိုင်ဂျီးရီးယားကဲ့သို့ အာဖရိကဦးချိုဒေသ၌ နေထိုင်ကြသူများသည် မိုးခေါင်ရေရှားမှုများ၊ ပဋိပက္ခများ ကြံုတွေ့နေရကာ အငတ်ဘေးကြောင့် သေဆုံးမည့်အန္တရာယ်များ မြင့်တက်လာနေကြောင်း ကမ္ဘာ့ကုလသမဂ္ဂ က ယနေ့အင်္ဂါနေ့၌ သတိပေးပြောကြားခဲ့သည်။

မိုးခေါင်ရေရှားပါးမှုများ၊ ဘဏ္ဍာငွေစာရင်း၌ လိုငွေပြမှုများ၊ လူသားချင်းဆိုင်ရာ ပဋိပက္ခများ စသည့် ပြသနာများ သည် အလွန်လျင်မြန်စွာ တိုးတက်လာပြီး ရှောင်လွှဲ၍ မရနိုင်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူ အေဒရီယန်အက်ဒ်ဝါ့က ပြောခဲ့သည်။

အကြမ်းဖက်ပဋိပက္ခများနှင့် နေရပ်စွန့်ခွာထွက်ပြေးမှုများကြောင့် နေရာဒေသ အများအပြား၌ အစာရေစာ ပြတ်တောက်မှုများ ကြံုတွေ့နေရကြောင်း သူကပြောခဲ့ပြီး လက်ရှိကြံုတွေ့နေရသော အခြေအနေများသည် လွန်ခဲ့သော ၂၀၁၁ ခုနှစ်ကဖြစ်ပွားခဲ့သည့် အာဖရိကဦးချိုဒေသ၌ မိုးခေါင်ရေရှားမှုကြောင့် လူပေါင်း ၂၆၀,၀၀၀ ခန့် သေဆုံးခဲ့ရသည့် ဖြစ်ရပ်ထက် ပို၍ ဆိုးရွားသွားနိုင်ကြောင်း သတိပေးခဲ့သည်။

ဒါ့အပြင် ငတ်မွတ်ဘေးကြီး ကြံုတွေ့နေရသော နိုင်ဂျီးရီးယား၊ တောင်ဆူဒန်၊ ဆိုမာလီယာနှင့် ယီမင်တို့၌   ဆောင်ရွက်နေသော UNHCR ၏ လုပ်ငန်းများအား ဘဏ္ဍာရေးထောက်ပံ့ငွေမှာ ၃% နှင့် ၁၁% ကြားမှာသာ ရှိနေကြောင်းကိုလည်း သူက ဂျနီဗာ၌ သတင်းထောက်များအား ပြောခဲ့သည်။

ထို့ကြောင့် အဆိုပါလေးနိုင်ငံ၌ ငတ်မွတ်ဘေးကို တိုက်ဖျက်ရန်အတွက် ကုလသမဂ္ဂက ရန်ပုံငွေ ၄.၄ ဘီလျံ ဒေါ်လာခန့် တောင်းခံထားသော်လည်း ယခုအချိန်ထိ ဒေါ်လာ ၉၈၄ သန်းခန့်သာ ရရှိသေးကြောင်း ကုလ၏ လူသားချင်းဆိုင်ရာ အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ Jens Laerke ကလည်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly