တရားရုံးလက်စွဲနှင့် မညီဟုဆိုကာ ဆရာတော်ဦးပါမောက္ခက ၎င်းကိုစွဲဆိုထားသည့်အမှုကို ဆက်ရင်ဆိုင်တော့မည်မဟုတ်

တရားရုံးလက်စွဲနှင့် မညီဟုဆိုကာ ဆရာတော်ဦးပါမောက္ခက ၎င်းကိုစွဲဆိုထားသည့်အမှုကို ဆက်ရင်ဆိုင်တော့မည်မဟုတ်

ကမာရွတ်​မြို့နယ်​ တရားရုံးက တရားရုံးလက်​စွဲနှင့် မညီညွတ်​ဘဲ​ ဆောင်​ရွက်​ခဲ့သည်ဟုဆိုကာ မ​ကွေး​ကျောင်​းတိုက် ဆရာ​တော်​ဦးပါ​မောက္ခက အမှုကို ဆက်လက်ရင်​ဆိုင်​​တော့မည်မဟုတ်​ကြောင်း  ဧပြီလ ၁၁ ရက်တွင် ပြုလုပ်သည့် ဆန္ဒထုတ်​​ဖော်​ပွဲတွင် ​ပြောကြားမိန့်ကြားသည်။
 
၂၀၁၆ ခုနှစ်​ ဇွန်လက အ​မေရိကန်​သံရုံး၏ ရခိုင်ရှိ မွတ်ဆလင်လူမျိုးများကို ရိုဟင်ဂျာဟုသုံးစွဲမှုအပေါ် ကန်​့ကွက်​သည့် ဆန္ဒပြပွဲနှင့် ပတ်​သက်​ပြီး မ​ကွေး​ကျောင်​းဆရာ​တော် ​ဦးပါမောက္ခအပါအဝင်​ ရဟန်​းသုံးပါး နှင့် လူ​လေးဦးကို ကမာရွတ်​မြို့နယ်​ ရဲစခန်​းက တရားစွဲဆိုထားခြင်းဖြစ်​သည်။
 
“မြို့နယ်တို့၊ တိုင်းသံဃနာယကတို့ ရဲ့ခွင့်ပြုချက်မပါဘဲနဲ့ အရပ်ဘက်တရားရုံးများမှာ တရားဆွဲဆိုခွင့်မရှိဘူး ဆိုတာကို နိုင်ငံတော်သံဃမဟာနာယက ဝိနိစ္ဆာယ လက်စွဲကျမ်း စာမျက်နှာ ၂၇ အပိုဒ် ၉၀ မှာ လူသတ်မှုတို့၊ မုဒိန်းမှုတို့ နိုင်ငံတော်ပုန်ကန်မှု အဲ့ဒီလိုအမှုမျိုး ၁၅ မှုဆိုရင်တော့  အရပ်ဘက် တရားရုံးများမှာ တရားဆွဲလို့ရတယ်” ဟု မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက မိန့်သည်။
 
ဆန္ဒထုတ်​​ဖော်​မှုတွင် မြန်​မာနိုင်​ငံအတွင်းရှိ မတရားသူကြီးအားလုံး အလိုမရှိ၊  တရားဥပ​ဒေ စိုးမိုးမှုရှိ​စေ​ရေး စသည့်တို့ကို​ကြွေး​ကြော်​ခဲ့​သည်။ ဆန္ဒထုတ်​​ဖော်​မှုကို မြန်​မာ့အမျိုးသား​ရေးကွန်​ယက်​က ဦးဆောင်ပြီး လူတစ်​ရာခန်​့က လှည်​းတန်း​မှ ကမာရွတ်​မြို့နယ်​ တရားရုံးကို ချီတက်​ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly