မက္ကဆီကိုတွင် ဆောက်လုပ်ဆဲ အဆောက်အအုံတစ်ခု ပြိုကျမှုကြောင့် ခုနှစ်ဦး သေဆုံး

မက္ကဆီကိုတွင် ဆောက်လုပ်ဆဲ အဆောက်အအုံတစ်ခု ပြိုကျမှုကြောင့် ခုနှစ်ဦး သေဆုံး

မက္ကဆီကိုနိုင်ငံ၏မြို့တော် မက္ကဆီကိုစီးတီးတွင် ဧပြီလ ၁၀ ရက်က ဆောက်လုပ်ဆဲ အဆောက်အအုံတစ်ခု ပြိုကျမှု ဖြစ်ပွားပြီး ခုနှစ်ဦး ထက်မနည်းသေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြို့တွင်း၌ အထပ်မြင့် ကားပါကင်ကြီးတစ်ခု တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်နေခဲ့စဉ် ယခုကဲ့သို့ ပြိုကျမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း မြို့တော်ဝန်ရုံးက ထုတ်ပြန်သည်။

ယင်းအဆောက်အအုံ ပြိုကျခဲ့ချိန်က ဆောက်လုပ်ရေးဆိုဒ်တွင် လုပ်သားအများအပြား ရှိနေခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားချိန်က ယင်းဆောက်လုပ်ရေးဆိုဒ်တွင် အလေးချိန်ဝန်များသော ပစ္စည်းများကို နေရာချ မှားခဲ့ရာကနေတဆင့် ယခု မတေ်ာတဆမှုဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း မြို့တော်ရှိ ပြည်သူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဝန်ဆောင်မှုဌာန ဒါရိုက်တာ ဖော်စတိုလူဂိုက ပြောသည်။

ယခုဖြစ်စဉ်တွင် အဆောက်အအုံ သုံးလွှာမှ အောက်ခြေမြေညီထပ်သို့ ပြိုကျသွားခဲ့ခြင်း ဖြစ်ကြောင်း ပြည်တွင်းသတင်းများတွင် ဖော်ပြထားသည်။

ယင်းပြိုကျမှုဖြစ်လျင်ဖြစ်ချင်း ကယ်ဆယ်ရေးဝန်ထမ်းများ ရောက်ရှိလာပြီး အပျက်အစီးများအတွင်း ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်ခဲ့ကြရကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly