ဓာတုလက်နက် ထပ်မံ အသုံးမပြုရန် ဆီးရီးယားကို အမေရိကန် သတိပေး

ဓာတုလက်နက် ထပ်မံ အသုံးမပြုရန် ဆီးရီးယားကို အမေရိကန် သတိပေး

ဧပြီ ၁၁ ။        ။ ဓာတုလက်နက်ကဲ့သို့ အပြစ်မဲ့ပြည်သူအများအပြားကို သေကျေပျက်စီးစေနိုင်သည့် လက်နက်များ ထပ်မံအသုံးပြုတော့ရန် ဆီးရီးယားကို အမေရိကန်က သတိပေးလိုက်သည်။ အကယ်၍ လိုက်နာခြင်းမရှိပါက နောက်ထပ်စစ်ရေးအရ လက်တုန့်ပြန်အရေးယူခံရမည့်အရေးနှင့် မလွဲမသွေ ရင်ဆိုင်ရမည်ဖြစ်ကြောင်း ပြောဆိုသွားသည်။

ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ်အား တိုက်ရိုက်သတိပေးလိုက်သည့်အနေဖြင့် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဆီးစပိုက်ဆာက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ တိုက်ခိုက်မှုမျိုးမှာ လုံ့ဝ လက်သင့်ခံစရာမရှိကြောင်း အမေရိကန်တို့ဘက်က ပြောသွားသည်။

" တကယ်လို့ခင်ဗျားတို့ဘက်က ကလေးသူငယ်တွေအပါအဝင် အပြစ်မဲ့ ပြည်သူတွေကို ဓာတုလက်နက်သုံး တိုက်ခိုက်ဦးမယ်ဆိုရင်တော့ ကျုပ်တို့ဘက်က လက်တုန့်ပြန်ရပါလိမ့်မယ်" ဟု စပိုက်ဆာ က ပြောသွားသည်။

၀ါရှင်တန်အစိုးရက ပြီးခဲ့သည့် သီတင်းပတ်အတွင်းကပင် ဓာတုလက်နက်သုံးခဲ့သည့်ဟု စွဲဆိုချက်များထွက်ပေါ်လာသော ဆီးရီးယားကို ဒုံးကျည်တိုက်ခိုက်မှုဖြင့် လက်တုန့်ပြန်မှုများ လုပ်ဆောင်ထားခဲ့သည်။

ယင်း စွပ်စွဲချက်များကိုမူ သမ္မတ အာဆတ်အစိုးရက ငြင်းဆန်ထားဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly