Shop.com.mm ၏ သင်္ကြန်အထူး စျေးရောင်းပွဲ မြန်မာပလာဇာတွင် ကျင်းပ

Shop.com.mm ၏ သင်္ကြန်အထူး စျေးရောင်းပွဲ မြန်မာပလာဇာတွင် ကျင်းပ

Shop.com.mm မှ မြန်မာလူမျိုးတို့၏ အထူးခြားဆုံး နှစ်သစ်ကူးပွဲတော် အတာသင်္ကြန်အတွက် လိုအပ်သည့် ဖက်ရှင်အသုံးအဆောင်နှှှင့် နာမည်ကြီး လျှပ်စစ်အိမ်သုံး ပစ္စည်းများကို အများဆုံး လျှော့စျေး ၈၅% ဖြင့် ၀ယ်ယူရရှိနိုင်ရန် သင်္ကြန်အထူး စျေးရောင်းပွဲတော်ကို Online ပေါ်တွင် ဧပြီလ (၁) ရက်နေ့မှ (၁၀) ရက်နေ့အထိ ကျင်းပခဲ့သည်။ နာမည်ကြီး Branded ပစ္စည်းများကို မယုံကြည်နိုင်လောက်သော စျေးများဖြင့် ရရှိခဲ့သောကြောင့် စျေးဝယ်သူများမှ တစ်ခဲနက် ၀ယ်ယူ အားပေးခဲ့ကြသည်။

ဧပြီလ (၉) ရက်နှင့် (၁၀)ရက်နေ့၊ မြန်မာပလာဇာတွင် Shop.com.mm ၏ သင်္ကြန်စျေးရောင်း ပွဲကို ထပ်မံကျင်းပပြုလုပ်ခဲ့ပါသည်။ စျေးပွဲတော်တွင် အများဆုံး လျှော့စျေးများဖြင့် ရရှိနိုင်သည့် Ushido, သူငယ်ချင်း မိတ်ဆွေများနှင့် ပျော်ရွှင်စေဖို့ Tiger Beer, သင်္ကြန်ပြီး မေလ (၆) ရက်နေ့တွင် ကျင်းပမည့် K-Pop Festival Tickets များ၊ သင်္ကြန်ကာလ အိမ်မှာနေပြီး နိုင်ငံတကာ ရုပ်ရှင်ဇာတ်ကား ကောင်းများကို တစ်ဝကြီးကြည့်ရှုနိုင်မည့် iFlix, CLEAR Shampoo, ZOLO Phone, Grand Royal စသည့် လူသုံးကုန်ပစ္စည်းများကို အများဆုံး လျှော့စျေး အစီအစဉ်များဖြင့် ရောင်းချပေးခဲ့သည်။

Shop.com.mm website ပေါ်တွင် ပစ္စည်းအမျိုးအစားပေါင်း မြောက်မြားစွာရှိပြီး ကျား/မ မရွေး၊ လူကြီီးလူငယ်မရွေး လိုချင်သော ပစ္စည်းများကို ကလစ်တစ်ချက်နှိပ်လိုက်ရုံဖြင့် အိမ်တိုင်ရာ ရောက် ရောက်ရှိလာမည်ဖြစ်သောကြောင့် အချိန်မကုန် လူမပင်ပန်းဘဲ စျေးဝယ်ခြင်းကို လုပ်ဆောင် နိုင်ရုံမျှမက အဆင်မပြေမှုတစ်စုံတစ်ရာရှိခဲ့ပါကလည်း ရ ရက်အတွင်း အခမဲ့ပြန်ပို့နိုင်သည်မှာ စျေးဝယ် သူများ စိတ်ကျေနပ်စေမည့် အချက်တစ်ချက်လည်းဖြစ်သည်။

Shop.com.mm ၏ စျေးဝယ်ချစ်သူ များအတွက် သင်္ကြန်အထူး စျေးရောင်းပွဲပြီးလျှင်လည်း မိုဘိုင်းဖုန်းများကို အံ့သြဖွယ်ရာ အထူးစျေးနှုန်းများဖြင့် ၀ယ်ယူနိုင်မည့် ‘Mobile Week’ စျေးပွဲတော်ကိုလည်း ကျင်းပသွားမည် ဖြစ်သောကြောင့် အခွင့်အရေးကောင်းများကို လက်လွတ်မခံဘဲ Shop.com.mm ၏ အစီအစဉ်ကောင်းများကို စောင့်မျှော်နိုင်ကြပါပြီ။

နှစ်သစ်အတာသင်္ကြန်တွင် Shop.com.mm ၏ မိတ်ဟောင်း၊ မိတ်သစ် စျေးဝယ်သူအပေါင်း ဘေးအန္တရာယ်ကင်းရှင်းပြီး အတာရေနှင့်အတူ အေးချမ်းပျော်ရွှင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly