ရမည်​းသင်​း​ထောင်​ကိုပို့မည်​့ အကျဉ်​းသားနှစ်​ဦး လွတ်​​မြောက်​၊ နာရီပိုင်​းအတွင်​း တစ်​ဦးပြန်​ဖမ်​းမိ

ရမည်​းသင်​း​ထောင်​ကိုပို့မည်​့ အကျဉ်​းသားနှစ်​ဦး လွတ်​​မြောက်​၊ နာရီပိုင်​းအတွင်​း တစ်​ဦးပြန်​ဖမ်​းမိ
(ဓာတ်ပုံ-ပျဉ်းမနားနယ်ထိန်း)

နေပြည်တော်ကောင်စီနယ်မြေ နေပြည်တော်ရှစ်မြို့အတွင်းမှ အကျဉ်​းသားများအား တရားရုံးများမှ စစ်အပြီး ရမည်းသင်းအကျဉ်းထောင်ပြန်လည်ပို့ဆောင်ရာတွင် ဧပြီ ၁၀ရက်​ ညက အကျဉ်​းသားနှစ်ဦး ထွက်ပြေးလွတ်​​မြောက်​သည်​့ အနက်မှ တစ်ဦးအား နာရီပိုင်းအတွင်း ပြန်လည်ဖမ်းမိခဲ့သည်​။

ဖြစ်စဉ်မှာ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အကျဉ်းကျတရားခံများအား ရမည်းသင်းအကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်ရာတွင် တပ်ကုန်းမြို့အနီး သံလမ်းအရောက်တွင် အချုပ်ယာဉ်၏ ယာဘက်ဘေးသံဇကာအား ကွေး၍ ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းများအရသိရသည်။

အဆိုပါ ထွက်ပြေးသည်​့ အချုပ်​သားနှစ်ဦးအနက်မှ ပုဒ်မ၃၈၀ဖြင့် ကျူးလွန်ထားသူ ငြိမ်းချမ်းအောင်(ခ)သီဟကို နာရီပိုင်းအတွင်း လက်ရှိအချိန်တွင် ဖမ်းမိထားပြီဖြစ်ပြီး ကျန်​တစ်​ဦးကိုမူ အချိန်နှင့်တစ်ပြေးညီ လိုက်လံရှာဖွေလျက်ရှိသည်။

အဆိုပါ ထွက်ပြေးလွတ်မြောက်သူနှစ်ဦးသည် တပ်ကုန်းမြို့မရဲစခန်း (ပ)၂၀၀/၁၆ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ အမှုမှ တရားခံ ဘသက်(ခ)ဇော်မျိုး(ခ)ကုလား(၂၀)နှစ် (ဘ) ဦးတင်မြင့်၊ ကြို့ပင်သာကျေးရွာ တပ်ကုန်းမြို့နယ် နေသူနှင့် ဥတ္တရသီရိမြို့နယ်​ ဘုရားကုန်းမြို့မရဲစခန်း(ပ)၁၁၇/၁၇၊ (ပ)၁၁၈/၁၇၊ ပ၁၂၁/၁၇၊ (ပ)၁၂၂/၁၇၊ (ပ)၁၂၃/၁၇၊ (ပ)၁၂၄/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ အမှုမှတရားခံ ငြိမ်းချမ်းအောင်(ခ)သီဟ (၁၈)နှစ် ၊ (ဘ)ဦးမြတ်ထူး ပုလဲလမ်းသွယ် ၊ ဆင်ဖြူရှင်ရပ်ကွက်၊ ပုလဲလမ်းသွယ်၊ ပုဗ္ဗသီရိမြို့နယ်နေသူတို့ နှစ်ဦးဖြစ်ကြောင်း ရဲမှတ်တမ်းများအရသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly