အမေရိကန်ရွေးကောက်ပွဲကို ဟက်ကာလုပ်ခဲ့သည့် ရုရှပရိုဂရမ်မာအား စပိန်တွင် ဖမ်းမိ

အမေရိကန်ရွေးကောက်ပွဲကို ဟက်ကာလုပ်ခဲ့သည့် ရုရှပရိုဂရမ်မာအား စပိန်တွင် ဖမ်းမိ

မက်ဒရစ်၊ ဧပြီ ၁၀ ။              ။ အမေရိကန်ရွေးကောက်ပွဲတွင် ကွန်ပြူတာဟက်ကာလုပ်ဆောင်ခဲ့ရာ၌ ပါဝင်ခဲ့သည် စွပ်စွဲသော ရုရှပရိုဂရမ်မာတစ်ဦးအား စပိန်တွင် ဖမ်းဆီးမိကြောင်း စပိန်သတင်းတစ်ရပ်က ဖော်ပြသည်။

လီဗာရှော့ဆိုသူ ကွန်ပြူတာပရိုဂရမ်မာကို ဘာစီလိုနာတွင် ဧပြီ ရ ရက်က ဖမ်းဆီးမိခြင်းဖြစ်ပြီး ရမန်ဖြင့် ချုပ်နှောင်ထားသည်။

လီဗာရှော့အား တရားခံ လက်လွှဲပေးအပ်ရန် အမေရိကန်က တောင်းဆိုထားကြောင်း တရားရေးသတင်းရင်းမြစ်တစ်ရပ်က အေအက်ဖ်ပီသို့ ပြောသည်။

အမေရိကန်၏ တောင်းဆိုမှုကို စပိန်အမျိုးသားရာဇဝတ်မှုခုံရုံးက ဆုံးဖြတ်လိမ့်မည်ဖြစ်ကြောင်းလည်း ယင်းရင်းမြစ်က ဆိုသည်။

အမေရိကန် ရွေးကောက်ပွဲ၌ ဒေါ်နယ်ထရမ့် အနိုင်ရအောင် ဒီမိုကရက်တစ်ပါတီမှ အချက်အလက်များ ဖောက်ထွင်းခိုးယူကာ ဖွင့်ချခြင်းဖြင့် ကူညီခဲ့မှုအတွက် အမေရိကန်က ဖမ်းဝရမ်းထုတ်ထားသူများတွင် လီဗာရှော့လည်း ပါဝင်သည်ဟု စပိန်သတင်းဝက်ဘ်ဆိုက်တစ်ရပ်က ဖော်ပြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly