ပြည်သူ့ရင်ပြင်တွင် ကမ္ဘာ့ကုလသမဂ္ဂလုံးဆိုင်ရာ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး လှုပ်ရှားမှုပြုလုပ်မည်

ပြည်သူ့ရင်ပြင်တွင် ကမ္ဘာ့ကုလသမဂ္ဂလုံးဆိုင်ရာ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး လှုပ်ရှားမှုပြုလုပ်မည်

ရန်ကုန်၊ ဧပြီ ၁၀ ။        ။ မြန်မာနိုင်ငံတွင် တတိယအကြိမ်အဖြစ်  ကမ္ဘာ့ကုလသမဂ္ဂလုံးဆိုင်ရာ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ်ကို မေလ (၈) ရက်မှ (၁၄) ရက်နေ့အထိ   ပြည်သူ့ရင်ပြင်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းလှုပ်ရှားမှုတွင် ယာဉ်လမ်းအန္တရာယ်နှင့်ပတ်သတ်သည့် ဟောပြောပွဲများ၊  စက်ဘိီးစီးလှုပ်ရှားမှု ၊ လမ်းလျောက်လှုပ်ရှားမှုများနှင့် ဖျော်ဖြေပွဲများပါဝင်မည်ဖြစ်သည်။
 
“ယာဉ်မတော်တဆမှုတွေမှာ အဓိက လိုက်နာမှုအားနည်းရင်တော့ လျော့ကျမှာမဟုတ်ဘူး ။ ဒါပေမယ့် ယာဉ်ထိန်းတပ်ဖွဲ့အနေနဲ့ကတော့ ယာဉ်စည်းကမ်းအသိပညာပေးဟောပြောမှုတွေလုပ်နေရမှာပဲလေ” ဟု  ဗိုလ်တထောင်မြို့နယ် တပ်ဖွဲ့စုမှူး ဒုရဲမှူးခင်မောင်တင့် ကပြောသည်။

ယင်းလှုပ်ရှားမှုကို  Motors.com.mm ၏ အထောက်အပြံ့ဖင့် ဆောင်ရွက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့ နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့ ၊ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး စသည့် အဖွဲ့စည်းများပူးပေါင်းပြီး ယခုလှုပ်ရှားမှုကို စီစဉ်ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်စည်းကမ်း လမ်းစည်းကမ်းမလိုက်နာမှုများကြောင့် နေစဉ် လူ (၁၄ )ဦးခန့် အသက်ဆုံးရှံုးခဲ့ကြောင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေး မှတ်တမ်းများအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required