ခေတ္တရာမြို့သစ် NLD ရပ်​​ကျေး ဥက္ကဋ္ဌကို ကာမလိမ်လည်မှုဖြင့် တိုင်ကြားထား

ခေတ္တရာမြို့သစ် NLD ရပ်​​ကျေး ဥက္ကဋ္ဌကို ကာမလိမ်လည်မှုဖြင့် တိုင်ကြားထား
 အသစ်ဖွင့်ထားသော NLD ရုံးခန်း (ဓာတ်ပုံ-ရေခဲ၊ပြည်)

ပဲခူးတိုင်း ပြည်မြို့ ခေတ္တရာမြို့သစ် NLD ရပ်ကျေး ဥက္ကဋ္ဌကို ပါတီဝင်​တစ်​ဦးကို ကာမလိမ်​လည်​မှုဖြင်​့ တိုင်ကြားထားသည်ဟု ပြည်​မြို့နယ်​အမျိုးသား ဒီမိုက​ရေစီအဖွဲ့ချုပ်​ ဥက္ကဋ္ဌ ​ဒေါက်​တာခင်​​မောင်​ဝင်​း က​ပြောသည်​။

"အခုတရားရုံးကို​ရောက်​သွားပြီ။ ကျ​နော်​တို့က တရားရုံးဆုံးဖြတ်​ချက်​ကိုစောင်​့မယ်​။ တရားရုံးရဲ့ အ​ရေးယူမှုအ​ပေါ်မှာပဲ ကျ​နော်​တို့က ပါတီအ​နေနဲ့ အထက်​အဆင်​့ဆင်​့ကိုတင်​ပြ သွားမယ်​" ပြည်​မြို့နယ်​အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ ဥက္ကဋ္ဌ ​ဒေါက်​တာခင်​​မောင်​ဝင်​း က​ပြောသည်​။

NLD ရပ်​​ကျေး ဥက္ကဋ္ဌ ဦးလှ​ထွေးသည်​ ၂၀၁၆ ခုနှစ်​အတွင်​းက အသက်​၄၇ နှစ်​အရွယ်​ပါတီဝင်​အမျိုးသမီးတစ်​ဦးကို လက်​ထပ်​​ပေါင်​းသင်​းမည်​ဟု လိမ်​လည်​၍ ရ ကြိမ်​၊ ၈ ကြိမ်​ခန်​့ သားမယားအဖြစ်​ ​နေထိုင်​ခဲ့သည်​ဟု တိုင်​ကြားခံထားရခြင်းဖြစ်သည်။

"စာလာတင်​တဲ့အခါ ကိုယ်​က ဒီလိုဖြစ်​​နေတာ မ​ကောင်​းဘူးဆိုပြီးညှိ​ပေးဖို့လုပ်​တယ်​။ ညှိ​ပေးမယ်​လုပ်​တဲ့အခါ ကိုလှ​ထွေးဘက်​က လက်​မခံဘူး။ ဂုဏ်​သိက္ခာ​စော်ကားခံရတယ်​ဆိုပြီး တရားပြန်​ဆွဲမလို့လုပ်​တယ်​"ဟု ​ဒေါက်​တာခင်​​မောင်​ဝင်​းက​ဆိုသည်​။

ပါတီဝင် အမျိုးသမီးမှာ ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလက ပါတီသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းအပြင် ဦးလှထွေးအား ကာမလိမ်လည်မှုဖြင့် အရေးယူပေးရန် ပြည်မြို့နယ် တရားရုံးတွင်လည်း ဦးတိုက်လျောက်ထားခဲ့ရာ ဧပြီ ရရက်က တရားရုံးတွင် ရုံးတင်စစ်ဆေးခဲ့သည်ဟု သိရသည်။

ဦးလှ​ထွေးဘက်​မှလည်​း တိုင်​ကြားသူ အမျိုးသမီး နှင်​့ အမျိုးသမီးဘက်​မှလိုက်​ပါ​ဆောင်​ရွက်​သူ ဦး​ကျော်​ကိုကို (ပြည်​မြို့နယ်​ လူ့အခွင်​့အ​ရေး​ နှင်​့ တရားဥပ​ဒေစိုးမိုး​ရေး ကွန်​ယက်​ တာဝန်​ခံ)တို့ကို ခြိမ်​း​ခြောက်​​ငွေ​တောင်​းခံမှုဖြင်​့ ပြန်​လည်​တိုင်​တန်​းခဲ့သည်​။

"ပထမအ​ကြိမ်​်​်အ​ကြောင်​းကြားစာမှာ ၂၀၁၅ ခုနှစ်​ လို့ပါတယ်​။ အဲဒီတုန်​းက ရုံးခန်းလည်းမရှိဘူး။ သူကလည်း (တိုင်​ကြားသူအမျိုးသမီး)ပါတီအ​ရေးကိစ္စ​ဆွေး​နွေးရ​အောင်​ အလုပ်​အမှုဆောင်​မဟုတ်​​သေးဘူး။ အ​ထောက်​အထား​တွေ မခိုင်​လုံဘူး"ဟု တိုင်​ကြားခံရသူ ဦးလှ​ထွေးက မဇ္ဈိမကို ပြောသည်။

"ပိုက်​ဆံမရှိတဲ့သူဆို​တော့ ​ရှေ့​နေနဲ့ နို့တစ်​မပို့နိုင်​ဘူး။ ကွန်​ယက်​က​နေအ​ကြောင်​းကြားစာပို့​တော့ ကွန်​ပျူတာစာစီတဲ့​နေရာမှာ date လွဲသွားတယ်​"ဟု ပြည်​မြို့နယ်​ လူ့အခွင်​့အ​ရေး​ နှင်​့ တရားဥပ​ဒေစိုးမိုး​ရေး ကွန်​ယက်​တာဝန်​ခံ  ဦး​ကျော်​ကိုကိုက ဦးလှထွေးက ထောက်ပြ ပြောဆိုမှုကို ပြန်လည် ချေပသည်။

​ခေတ္တရာမြို့သစ်​ ၃/၈ လမ်​းတွင်​ ဦးလှ​ထွေး ဦး​ဆောင်​​သော NLD ပါတီရုံးခန်​းရှိပြီး ​ခေတ္တရာမြို့သစ်​ ၁၃ လမ်​း ​ဒေါ်ခိုင်​ခိုင်​​အေး၏ ​နေအိမ်​တွင်​လည်​း ရုံးသစ်​တစ်​ခု ဖွင်​့လှစ်​ထားသည်​။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly