ဧပြီ ၁၀ ။ ။ တရုတ်နိုင်ငံတွင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ယနေ့ ဧပြီလ ၁၀ ရက်တွင် တွေ့ဆုံခဲ့ကြကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
နိုင်ငံတော်သမ္မတ ဦးထင်ကျော်အား ပေကျင်းမြို့ရှိ ကြိုဆိုရေး အခမ်းအနားတစ်ခု၌ တရုတ်သမ္မတက ကြိုဆိုခဲ့ခြင်း ဖြစ်သည်။
ယင်းနောက် နှစ်နိုင်ငံခေါင်းဆောင်ကြီးများသည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူခဲ့ပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခဲ့ကြသည်။
နိုင်ငံတော် သမ္မတဦးထင်ကျော်နှင့် ဇနီးတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့မှာ ဧပြီလ ၆ ရက်ကတည်းက တရုတ်နိုင်ငံသို့ ခြောက်ရက်ကြာ အလည်အပတ်ခရီးရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။