မလေးရှားမှာ ဒေါ်လာ ၃ သန်းကျော်ဖိုးရှိ ကြံ့ချိုများ ဖမ်းမိ

မလေးရှားမှာ ဒေါ်လာ ၃ သန်းကျော်ဖိုးရှိ ကြံ့ချိုများ ဖမ်းမိ

ဧပြီ ၁၀ ။          ။ မိုဇမ်ဘစ်နိုင်ငံကနေ တင်သွင်းလာတဲ့ အလေးချိန် ၅၁ ဒသမ ၄ ကီလိုရှိ တရားမဝင် ကြံ့ချိုများကို ဖမ်းဆီးရမိခဲ့ကြောင်း မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။ အဆိုပါ ဖမ်းဆီးရမိတဲ့ ကြံ့ချိုတွေရဲ့ တန်ဖိုးဟာ မလေးရှား ရင်းဂစ် ၁၃ ဒသမ ရ သန်း (ကန်ဒေါ်လာ ၃ ဒသမ ၁ သန်း) လောက် ရှိမယ်လို့ အကောက်ခွန်အရာရှိတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ရ ရက်က ကွာလာလမ်ပူလေဆိပ်မှာ ကုန်သေတ္တာတစ်ခုထဲကနေ ယင်း ကြံ့ချိုတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ လေဆိပ်အကောက်ခွန် ဒါရိုက်တာ ဟမ်ဇာ ဆွန်ဒန်က ပြောပါတယ်။

ယခု ဖမ်းဆီးရမိမှုနဲ့အတူ  မလေးရှားနိုင်ငံဟာ တရားမဝင် ဆင်စွယ်နဲ့ ကြံ့ချို တွေ မှောင်ခိုကူးသန်းရောင်းဝယ်သူတွေရဲ့ ၀င်ထွက်ရာ အချက်အချာနေရာ တစ်ခုဖြစ်နေတယ် ဆိုတာကိုပါ ပြသနေလျက် ရှိပါတယ်။

အနုပညာပစ္စည်းတွေသာ ပါ၀င်တယ်လို့ ဖော်ပြထားတဲ့ ကုန်သေတ္တာတစ်ခုထဲမှာ ယင်း ကြံ့ချိုတွေကို တွေ့ရှိခဲ့တာဖြစ်ပြီး မိုဇမ်ဘစ်ကနေ တင်သွင်းလာတာဖြစ်ပြီးတော့ ကာတာလေကြောင်းလိုင်းပိုင်   လေယာဉ်တစ်စင်းနဲ့ ရောက်ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။

ကုန်သေတ္တာ ပို့ဆောင်ရမယ့် နေရာကိုတော့ မလေးရှား တောင်ပိုင်းက မြို့တစ်မြို့ကို အမည်တပ် ဖော်ပြထားသော်လည်း ယင်းဟာ လိပ်စာအမှားကိုသာ ဖော်ပြပေးထားတာဖြစ်တယ်လို့ ဟမ်ဇာက   ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly