စာချုပ်ကုန်ဆုံးခါနီးတွင် သူမ၏နောက်ဆုံးဆန္ဒအား ပြောကြားခဲ့သော T-ara အဖွဲ့မှ Soyeon

စာချုပ်ကုန်ဆုံးခါနီးတွင် သူမ၏နောက်ဆုံးဆန္ဒအား ပြောကြားခဲ့သော T-ara အဖွဲ့မှ Soyeon

နာမည်ကျော် K-pop ဂီတအဖွဲ့ဖြစ်သည့် T-ara ၏ အေဂျင်စီ MBK Entertainment က အဖွဲ့ဝင် Soyeon နှင့် Boram တို့သည် သူတို့၏ စာချုပ်များကို သက်တမ်းတိုးတော့မည် မဟုတ်ကြောင်းကို အစောပိုင်းတုန်းက တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သော ဧပြီလ ၈ ရက်နေ့တွင် T-ara အဖွဲ့သည် Yin Yue Tai ၏ V-chart ဆုပေးပွဲ၌ Tope Excellence ဆု ကို ဆွတ်ခူးရရှိခဲ့သည်။ အဆိုပါဆုကို လက်ခံရယူချိန်၌ အဖွဲ့ဝင်တစ်ဦးချင်းစီက တရုတ်ဘာသာစကားဖြင့် သူတို့၏ ပရိသတ်များအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထိုသို့ပြောကြားခဲ့စဉ်တွင် အဖွဲ့ဝင် Soyeon က ကိုရီးယားဘာသာစကားဖြင့် အသေးစိတ်ပြောကြားခဲ့ပြီး “ ကျွန်မ တို့ ဒီဆုကို ထပ်မံဆွတ်ခူးနိုင်ခဲ့တဲ့အတွက် အလွန်ကို ၀မ်းမြောက်ဂုဏ်ယူပါတယ်။ ကျွန်မ တို့အပေါ် မေတ္တာ နှင့် အကူအညီများ ပေးခဲ့ကြသော ပရိသတ်များ၊ မိသားစု နှင့် ၀န်ထမ်းတွေကို ကျေးဇူးတင်ကြောင်း ပြောချင်ပါ တယ်” ဟု ပြောခဲ့သည်။

ဒါ့အပြင် “အားလုံးကို ပြောချင်ပါတယ်။ ကျွန်မတို့ အားလုံးဟာ မိသားစုတွေပဲဖြစ်ကြပါတယ်။ အဆုံးသတ်အချိန်ထိ အတူတကွ နေသွားကြရအောင်ပါ” ဟု သူမ၏ ဆန္ဒအား ဖြည့်စွက်ပြောကြားခဲ့ပြီး T-ara အဖွဲ့၏ အဖွဲ့ဝင်တစ်ဦး အနေဖြင့် နောက်ဆုံးကျန်ရှိနေသော လုပ်ငန်းများကို အစွမ်းကုန် အားစိုက်ကြိုးပမ်း သွားမည်ဖြစ်ကြောင်း ကတိ ပေးခဲ့သည်။

T-ara အဖွဲ့သည် အဖွဲ့ဝင်အားလုံးပါ၀င်သော နောက်ဆုံးအယ်လ်ဘမ်အား လာမည့် မေလတွင် ဖြန့်ချီသွားမည် ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly