ဆယ်ကျော်သက်လူငယ်တစ်ဦးနှင့် ကျောင်းကပွဲသို့ အတူတက်ရောက်ရန် လက်ခံခဲ့သည့် ကိုင်လီဂျန်နာ

ဆယ်ကျော်သက်လူငယ်တစ်ဦးနှင့် ကျောင်းကပွဲသို့ အတူတက်ရောက်ရန် လက်ခံခဲ့သည့် ကိုင်လီဂျန်နာ

နာမည်ကျော် မော်ဒယ်တစ်ဦးဖြစ်သူ ကိုင်လီဂျန်နာသည် ကယ်လီဖိုးနီးယားပြည်နယ်မှ ကျောင်းတစ်ကျောင်း၏ ကျောင်းကပွဲသို့ တက်ရောက်ခဲ့ပြီး ထိုအထက်တန်းကျောင်းရှိ ဆယ်ကျော်သက်လေးများအား အံ့သြမှင်သက်မိ စေခဲ့သည်။

အဲလ်ဘတ်အိုချိုအာ အမည်ရှိ ကျောင်းသားတစ်ဦးသည် သူနှင့်အတူ ကျောင်းကပွဲသို့ တက်ရောက်မည့်သူမရှိ သောကြောင့် ကိုင်လီဂျန်နာအား သူနှင့်အတူ တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။

လူမှုမီဒီယာများပေါ်သို့ တင်ခဲ့သော ဗွီဒီယိုဖိုင်များထဲ၌ အသက် ၁၉ နှစ်အရွယ်ရှိ ကိုင်လီဂျန်နာသည် ပြီးခဲ့သော စနေနေ့၌ ရီယိုအမေရိကာနို အထက်တန်းကျောင်း၏ ကျောင်းကပွဲသို့ လူအုပ်ကြားထဲမှ   ဖြတ်လျှောက်လာပုံကို တွေ့မြင်ခဲ့ရသည်။

ကိုင်လီသည် ကျောင်းကပွဲ ပွဲတက်ဝတ်စုံအား ၀တ်ဆင်ထားပြီး သူမ၏ သူငယ်ချင်း ဂျော်ဒန်ဝုဒ်စ်နှင့်အတူ တွဲရိုက်ထားသော ဓာတ်ပုံအား လူမှုမီဒီယာပေါ်သို့ တင်ခဲ့သည်။

ဒါ့အပြင် အဲလ်ဘတ်ကလည်း ကျောင်းကပွဲသို့ သူနှင့်ကိုင်လီတို့ အတူတကွ ၀င်ရောက်လာခဲ့ပုံကို ရိုက်ကူးထား သော ဗွီဒီယိုအား တွစ်တာပေါ်၌ တင်ခဲ့သည်။

ကိုင်လီသည် အထက်တန်းကျောင်း၌ ကိုးတန်းအထိ တက်ရောက်ခဲ့ဖူးပြီး ထို့နောက်တွင် နေအိမ်မှတဆင့်သာ စာသင်ကြားခဲ့သောကြောင့် သူမ၏ ကျောင်းသူဘဝ၌ ကျောင်းကပွဲအား တက်ရောက်နိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သူမသည် ကျောင်းကပွဲတစ်ခုသို့ တက်ရောက်ဖူးချင်ကြောင်း လွန်ခဲ့သော ၂၀၁၄ ခုနှစ်ခန့်က Google+ တွင်  ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly