ပြင်သစ် စားဖိုမှူးကြီးတစ်ဦး ချောကလက်နဲ့ ကြံ့ရုပ်တု ထု

ပြင်သစ် စားဖိုမှူးကြီးတစ်ဦး ချောကလက်နဲ့ ကြံ့ရုပ်တု ထု

ဧပြီ ၁၀ ။         ။ ပြင်သစ်နိုင်ငံ Thoiry အရပ်ဒေသက တိရိစ္ဆာန်ရုံတစ်ရုံမှာ သတ်ဖြတ်ခံလိုက်ရတဲ့  အဖြူရောင် ကြံ့ကြီးတစ်ကောင်ကို ဂုဏ်ပြုတဲ့အနေနဲ့ စားဖိုမှူးကြီးတစ်ဦးဟာ ကီလို ၁၉၀ ရှိ ချောကလက်နဲ့ ကြံ့ရုပ်တု တစ်ရုပ်ကို ထုဆစ်ပုံဖော်ခဲ့ပါတယ်။

ပြီးခဲ့တဲ့တစ်လလောက်မှ ဦးချိုရဖို့အတွက် ပစ်သတ်ခံလိုက်ရတဲ့ လေးနှစ်သားအရွယ် ကြံ့ဖြူကြီးကို ဂုဏ်ပြလိုတဲ့အနေနဲ့ ယခုလို ထုလုပ်ပုံဖော်ခဲ့တာဖြစ်ပါတယ်။

ယခု ထုလုပ်ထားတဲ့ ချောကလက် ကြံ့ရုပ်ကိုတော့ ပါရီမြို့အရှေ့ပိုင်းမှာ ဖွင့်လှစ်ထားတဲ့ ၎င်းရဲ့ ဆိုင်မှာ ထားရှိပြသထားမှာဖြစ်ပါတယ်။

အလားတူ ၎င်းစားဖိုမှူးဟာ ချောကလက်နဲ့ပဲ အသေးစား ကြံ့ချိုတွေ ပြုလုပ်နေလျက်ရှိပြီး ယင်းတို့ကို ရောင်းချလို့ရတဲ့ အကျိုးအမြတ်တွေကိုတော့ တိရိစ္ဆာန်ရုံကို လွှဲပြောင်းလှူဒါန်းပေးသွားမယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly