အစိုးရတစ်နှစ်အတွင်း ဘဏ်စနစ်၊ ချေးငွေစနစ်တွေ ကောင်းကောင်းအကောင်ထည်ဖော်နိုင်ခဲ့ပြီလား

အစိုးရတစ်နှစ်အတွင်း ဘဏ်စနစ်၊ ချေးငွေစနစ်တွေ ကောင်းကောင်းအကောင်ထည်ဖော်နိုင်ခဲ့ပြီလား

အရပ်သားအစိုးရဦးဆောင်တာအခုဆိုရင် တစ်နှစ်တိတိပြည့်ခဲ့ပါပြီ။ ဘဏ်လုပ်ငန်းမှာဘာတွေ ပြောင်းလဲခဲ့လဲပြောင်းလဲမှုတွေကရောတကယ်အကျိုးရှိရဲ့လား။ အပေါင်ပစ္စည်းမပါပဲအတိုးနှုန်းသက်သာတဲ့ ချေးငွေစနစ်ကိုအကောင်ထည်ဖော်နိုင်ရဲ့လား။

ဒီတစ်နှစ်အတွင်းမှာဘဏ်လုပ်ငန်းတွေ အနေနဲ့ဘာတွေ ထူးခြားခြားပြောင်းလဲခဲ့လဲဆိုတာကိုလုပ်ငန်းရှင်တွေနဲ့ ဘဏ်လုပ်ငန်းက တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းကြည့်ထားတာကတော့ ချေးငွေဘက်မှာထူးခြားပြောင်းလဲတာတွေမရှိဘူးလို့ သိရပါတယ်။ ဒါပေမယ့် အိမ်ယာနှစ်ရှည်စီမံကိန်းရောင်းချတာမျိုးတွေ တွေ့လာရတယ်လို့ ပြည်တွင်းကဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကအခုလိုပြောပါတယ်။ 

"ဘဏ်လုပ်ငန်းအနေနဲ့ ပြောင်းလဲတာတော့ ကျန်တဲ့ ကဏ္ဍတွေကတော့ ပြောင်းလဲတာသိပ်မသိသာဘူးပေါ့နော်။ အထူးသဖြင့်တော့ ကျတော်တို့ တန်ဖိုးနည်းအိမ်ယာတွေနဲ့ ပတ်သက်ပြီီးတော့ ဥပမာ CHDB ဘဏ်တို့ ဘာတို့ကနေတော့ ဟို ၃၀ ရာခိုင်နှုန်းပေးသွင်းပြီးတော့ ကျန်တဲ့ ပိုက်ဆံကို ဥပမာ ၅ နှစ်တို့ ၁၀ နှစ်တို့ ၁၅ နှစ်တို့ စသဖြင့်ပေါ့နော် နှစ်အတိအကျတော့ ပြောတာမဟုတ်ဘူး။ နှစ်ရှည်ချေးငွေတွေနဲ့ စတင်ထုတ်ချေးတာတော့ ဒါထူးခြားမှုတခုလို့ ပြောရမှာပေါ့နော်။ ထူးခြားမှုတခုပေါ့နော် ထိုနည်းတူစွာပဲကျန်တဲ့ ကမ္ဘောဇဘဏ်တို့ ဧရာဝတီဘဏ်တို့ အနည်းအကျဉ်းလိုက်လုပ်လာတာတွေ့ရတယ်" လို့ MKT Construcion ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုးမြင့်က သူ့အမြင်ကို ပြောပါတယ်။ ၏

ဘဏ်တွေအနေနဲ့ ဘဏ်ခွဲဖွင့်လှစ်မှုတွေကို ဆက်တိုက်ဆိုသလို ဖွင့်လှစ်လာပြီး ကဒ် အမျိုးမျိုးထုတ်လာလာတွေရှိပါတယ်။ ဒါပေမယ့် အင်တာနက်လိုင်းကျတဲ့ ပြသာနာတချို့စက်တွေဆိုကဒ်ထည့်ပြီး ပြန်မထွက်လာတာအပြင် ငွေမထုတ်ဘဲ ငွေတွေဖြတ်သွားတယ်ဆိုတာမျိုးတွေ ကြံုရတာတွေ့တော့ ခုထိရှိနေတုန်းပါ။ နည်းပညာနဲ့ ပတ်သက်တဲ့ အခက်ခဲကိုတော့ အခုထိဖြေရှင်းနိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။ နောက်ပြီးချေးငွေပိုင်းမှာလဲထူးထူးခြားခြားပြောင်းလဲမှု မရှိသေးပါဘူး။လုပ်ငန်းရှင်တွေဘက်ကတော့ နောက်ပိုင်းမှာချေးငွေဘက်မှာပြောင်းလဲဖို့ မျှော်လင့်နေတာပါ။ ဘဏ်ကရောဘာတွေ အခက်ခဲရှိနေလဲ။

ကမ္ဘာ့ရတနာဘဏ်ရဲ့ ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာလှညွှန့်ကတော့ "ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ ရောင်းဝယ်တဲ့ဟာက တက်လိုက်ကျလိုက်ပေါ့ တော်ကြာအိမ်ရာစျေးကွက်တွေကကောင်းပြန်ပြီ။ တော်ကြာမကောင်းဘူးပေါ့နော် အဲတော့ ဘဏ်တွေကလဲဘာကိုစဉ်းစားလဲဆိုတော့ အိမ်ရာစျေးကွက်တွေ ကောင်းလာတဲ့ အချိန်မှာစျေးနှုန်းတွေ တက်လာတယ် စျေးနှုန်းတက်လာတဲ့ အချိန်မှာပိုက်ဆံထုတ်ချေးမိရင် ၃ ပုံ ၁ ပုံပဲချေးတယ် ထားပါဦးစျေးကျသွားရင် ၃ ပုံ ၁ ပုံမဟုတ်တော့ဘူးလေ။ အဲဒါက ၆၀ ရာခိုင်နှုန်းလောက်ဖြစ်နေပြီဆိုရင် ကိုယ်ဘက်ကဘယ်လိုပြောမလဲ risk ပေ့ါနော် ဆုံးရှုံးမှုကို ပြန်တွက်တဲ့ အခါကြရင် ဆုံးရှုံးမှုများတယ်ပေါ့နော်။ အဲ့အခါကြတော့ ဘဏ်တွေရဲ့ လက်တွေ့လုပ်နေတာက ၃ ပုံ ၁ ပုံပဲချေးတယ် ၃ ပုံ ၂ ပုံကကိုယ့်အိတ်ထဲမှာထည့်ထားတာပေါ့နော် တခုခုများ ဖြစ်ခဲ့သည်ရှိသော်" လို့ ရှင်းပြပါတယ်။ 

ပြည်တွင်းအိမ်ခြံမြေစျေးကွက် မတည်ငြိမ်တာကလည်း စိန်ခေါ်မှု တခုဖြစ်နေတာပါ။ လက်ရှိအချိန်မှာ ပြည်တွင်းဘဏ်တွေအနေနဲ့ ဘဏ်တိုးနှုန်း ၁၃ ရာခိုင်နှုန်းပေးရတာအပြင် အပေါင်ပစ္စည်းပေးမှ ငွေချေးပေးတာပါ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ပြောင်းလဲဖို့ မျှော်လင့်ရမလားပါပဲ။ ဆိုတော့ ဘဏ်ဘက်ကနေရောဒီလိုအပေါင်ပစ္စည်းမပါဘဲချေးနိုင်ပါ့မလားဆိုတာ

ဘဏ်လုပ်ငန်းကျွမ်းကျင်သူ ဒေါက်တာအောင်သူရက အခုလို ပြောပြပါတယ်။ "လက်ရှိအပြင်မှာတော့ ပြောင်းလဲမှု သိပ်မမြင်ရသေးပါဘူးဒါပေမယ့် ကျတော် သိသလောက်ကတော့ ပြောင်းဖို့ကတော့ တော်လေး ပြင်ဆင်နေပါတယ်။ တချို့ပိုင်းတွေဆိုဗဟိုဘဏ်ကဘဏ်တွေကို product အသစ်တွေပါတွေ ဖန်တီးဖို့ ကော်လက်ထရယ် မပါဘဲ ချေးဖို့ အဲဒါတွေကိုခွင့်ပေးဖို့ သူတို့ တော်တော်လေးကိုစီစဉ်နေတယ်လို့ ကျတော်ကြားထားရပါတယ်။ ဒါကတော့ ဘယ်အချိန် ချက်ချင်းကြီးပေါ်လာမလား။ နည်းနည်းနောက်ကျမှ ပေါ်လာမလားဆိုတာကတော့ ကျတော်လည်း သေချာအတိအကျမပြောနိုင်ပါဘူး။ ဒါပေမယ့် အဲဘက်ကိုသွားဖို့ ဦးတည်နေတယ်ဆိုတာတော့ သိပါတယ်။" လို့ ဆိုပါတယ်။ 

လက်ရှိပြည်တွင်းဘဏ် ၂၄ ဘဏ်ရှိနေပြီး နိုင်ငံခြားဘဏ် ၁၃ ဘဏ် ရှိတာပါ။ ဒီအစိုးရသက်တမ်းတစ်နှစ်အတွင်းမှာဘဏ်လုပ်ငန်းပြောင်းလဲမှုကတော့ ကဒ်စနစ်ပြောင်းလဲတိုးတက်လာပြီးဘဏ်ခွဲတွေ များလာတယ်ဆိုပေမယ့် အတိုးနှုန်းသက်သာပြီး အပေါင်ပစ္စည်းမလိုတဲ့ ချေးငွေမျိုးကိုဒီတစ်နှစ်အတွင်းမှာ ပြုလုပ်ပေးနိုင်ခြင်းမရှိခဲ့ပါဘူး။ အနာဂတ်မှာရောဒီဘဏ်ကနေ စီးပွားရေးဖွ့ဖြိုးတိုးတက်ဖို့လုပ်ငန်းရှင်တွေကို ဘယ်လောက်ထိထောက်ပံ့ ပေးနိုင်မလဲဒါတွေကို ဗဟိုဘဏ်က ဘယ်လိုကိုင်တွယ်မလဲစောင့်ကြည့်ရမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly