မြန်မာနိုင်ငံရဲ့ စတော့စျေးကွက်ဖွံ့ဖြိုးဖို့ ဘာတွေလိုအပ်နေသေးလဲ

မြန်မာနိုင်ငံရဲ့ စတော့စျေးကွက်ဖွံ့ဖြိုးဖို့ ဘာတွေလိုအပ်နေသေးလဲ
မြန်မာနိုင်ငံရဲ့ ငွေကြေးအရင်းအနှီးဈေးကွက် ရန်ကုန်စတော့ စတင်ခဲ့တာအချိန် ၁ နှစ်ကိုရက်စွန်းစွန်းကျော်လွန်လာခဲ့ပြီဖြစ်ပါတယ်။ ၁နှစ်သားစတော့ဈေးကွက်ထဲမှာအများပိုင် ကုမ္ပဏီ ၄ ခုကစာရင်းတင် ရောင်းချနေတာဖြစ်ပါတယ်။ ဒါပေမယ့် စတော့ဈေးကွက်ပိုပြီးဖွံ့ဖြိုးဖို့ ရန်ကုန်စတော့အိတ်ချိန်းမှာကုမ္ပဏီတော်တော်များများ စာရင်းတင်ဝင်ရောက်ဖို့ လိုအပ်နေပြီးဈေးဖွင့်ရောင်းချတဲ့ အကြိမ်အရေအတွက် ပိုများလာဖို့လိုတယ်လို့ ပြောဆိုမှုတွေလည်းရှိနေပါတယ်။ 

မြန်မာနိုင်ငံရဲ့ ငွေကြေးအရင်းအနှီးစျေးကွက် ရန်ကုန်စတော့ စတင်ခဲ့တာအချိန် ၁ နှစ်ကိုရက်စွန်းစွန်းကျော်လွန်လာခဲ့ပြီဖြစ်ပါတယ်။ ၁နှစ်သားစတော့စျေးကွက်ထဲမှာအများပိုင် ကုမ္ပဏီ ၄ ခုကစာရင်းတင် ရောင်းချနေတာဖြစ်ပါတယ်။ ဒါပေမယ့် စတော့စျေးကွက်ပိုပြီးဖွံ့ဖြိုးဖို့ ရန်ကုန်စတော့အိတ်ချိန်းမှာကုမ္ပဏီတော်တော်များများ စာရင်းတင်ဝင်ရောက်ဖို့ လိုအပ်နေပြီးစျေးဖွင့်ရောင်းချတဲ့ အကြိမ်အရေအတွက် ပိုများလာဖို့လိုတယ်လို့ ပြောဆိုမှုတွေလည်းရှိနေပါတယ်။ 

တစ်နေ့ကိုမနက် ၁၁ နာရီနဲ့ နေ့လည် ၁ နာရီ -စုစုပေါင်း ၂ ကြိမ်အတွင်းမှာအခုမြင်တွေ့နေရတဲ့ အဆောက်အဦးအတွင်းမှာတော့ FMI, MTSH, MCB နဲ့ FPB စတဲ့ အများပိုင်ကုမ္ပဏီ ၄ ခုဟာစာရင်းတင် ရောင်းချနေကြတာဖြစ်ပါတယ်။

ရန်ကုန်စတော့အိတ်ချိန်းရဲ့ အကြီးတန်းအမှုဆောင်မန်နေဂျာ ဦးသက်ထွန်းဦးက “ရင်းနှီးမြှုပ်နှံသူက ၂ မျိုးရှိတယ်ခင်ဗျ၊ ရေရှည် ရင်းနှီးမြှုပ်နှံသူနဲ့ ရေတိုကိုပဲအမြတ်လိုချင်တဲ့ ရင်းနှီးမြှုပ်နှံသူဆိုပြီးတော့ ရှိတယ်”လို့ ရှင်းပြပါတယ်။ 

လက်ရှိအများပိုင်ကုမ္ပဏီ ၄ ခုနဲ့ လည်ပတ်နေတဲ့ နိုင်ငံ့ရဲ့ စတော့စျေးကွက်ထဲမှာရေတိုရေရှည် ရင်းနှီးမြှုပ်နှံသူတွေ ရှယ်ယာအရောင်းအဝယ်လုပ်နေကြတဲ့ ပုံစံကိုပြောပြသွားတာပါ။  မြန်မာသီလဝါအထူးစီးပွားရေးဇုန်အများပိုင်ကုမ္ပဏီလီမိတက်-MTSH ရဲ့ ဥက္ကဌဖြစ်သူ ဦးဝင်းအောင်ကတော့ စတော့စျေးကွက်မှာရေရှည်ရင်းနှီှး မြှုပ်နှံမှုကသာ ပိုပြီးဖွံ့ဖြိုးတဲ့ စျေးကွက်တစ်ခု ဖြစ်လာနိုင်မယ်လို့ အကြံပေးထားပါတယ်။

"ကျွန်တော်တို့ စတော့မားကတ်ကို ဒီနေ့ဝယ်မယ်၊ မနက်ဖြန်ရောင်းမယ်..ဆိုတဲ့ အတွေးနဲ့ ဆောင်ရွက်တာထက် ပိုပြီးတော့ ရေရှည်အကျိုးကျေးဇူးတွေကိုဆောင်ရွက်ပြီးတော့မှ စတော့ရှယ်ယာမားကတ်သည် ပိုပြီးစနစ်တကျနဲ့ ဖွံ့ဖြိုးမှာ ဖြစ်ပါတယ်။"လို့ ဦးဝင်းအောင်က ပြောပါတယ်။ 

အများပိုင်ကုမ္ပဏီ ၄ ခုဟာသူတို့ရဲ့ မူလရှယ်ယာတွေကိုပဲ ရန်ကုန်စတော့အိ်တ်ချိန်းမှာ စာရင်းတင်ရောင်းချတာဖြစ်ပြီး တစ်နေ့ကို ၂ ကြိမ်သာ အရောင်းအဝယ် ပြုလုပ်နိုင်သေးတာဖြစ်ပါတယ်။ ပထမမြန်မာရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် FMI ရဲ့ ဘဏ္ဍာရေးအရာရှိချုပ် ဦးထွန်းထွန်းကတော့ ရန်ကုန်စတော့အိတ်ချိန်းမှာ အများပြည်သူပိုပြီး စိတ်ဝင်စားဖို့ အရောင်းအဝယ်အကြိမ်အရေအတွက် ပိုပြီးများရင် ကောင်းမယ်လို့ ပြောပြထားပါတယ်။

"ဥပမာလွယ်လွယ် ဥပမာပေးရလို့ရှိရင် ရန်ကုန်စတော့အိတ်ချိန်းမှာဒီနေ့ အရောင်းအဝယ် ၂ ကြိမ် လုပ်တယ်။ ဘာဖြစ်လို့ ၃ ကြိမ် မဖြစ်သွားသေးဘူးလဲ၊ ၄ ကြိမ် မဖြစ်သွားသေးဘူးလဲ သို့မဟုတ် တစ်ခြားဖွံ့ဖြိုးတဲ့စျေးကွက်တွေလို Online Market တောက်လျှောက်မဖြစ်သွားသေးဘူးလဲ၊ ဒါတွေကဆက်ပြီးတိုးတက်ရမယ့် လမ်းကြောင်းတွေ။" လို့ ဦးထွန်းထွန်းက ပြောပါတယ်။ 

နောက်တစ်ချက်ကလည်း  နိုင်ငံကအကြီးစားကုမ္ပဏီကြီးတွေ အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲရပ်တည်ပြီး ရန်ကုန်စတော့အိတ်ချိန်းကို ဝင်ရောက်လာမယ်ဆိုရင် လူအများစိတ်ပါဝင်စားလာနိုင်တယ်ဆိုတဲ့ မှတ်ချက်တွေလည်းရှိနေပါတယ်။

"အောင်မြင်နေတဲ့ အကြီးစားကုမ္ပဏီကြီးတွေ ရှိတယ်၊ သူတို့ Private ဘဝမှာပဲ ရှိတယ်၊ Public မပြောင်းကြသေးဘူးပေါ့။ ဥပမာAYAတို့ KBZ တို့ City Mart တို့…ဒါတွေက Long Term Plan ထဲမှာပါပါတယ်။ ဒါပေမယ့် သူတို့ ငွေအရင်းအနှီးကိုဘယ်တော့ တိုးမလဲဆိုတာမသိဘူး။ တစ်ချက် စဉ်းစားရမှာကသူတို့ ငွေလိုပြီလား၊ ငွေမလိုရင်တော့ သူတို့ လာမှာမဟုတ်ဘူး။ နောက်တစ်ခုကသူတို့ပိုင်ဆိုင်တဲ့ အပိုင်းကိုဘယ်လောက်အထိစျေးကွက်တင်ပြီးတော့ Exit ထွက်ချင်သလဲ။ ဒါမှမဟုတ်လည်းသူတို့ရဲ့ ပိုင်ဆိုင်မှု Wealth ကိုအများပြည်သူကိုဘယ်လောက်အထိ Sharing လုပ်ချင်သလဲ၊ အဲလိုအပေါ် မူတည်ပြီးတော့ သူတို့ လာကြမှာပေါ့။" လို့ ရန်ကုန်စတော့အိတ်ချိန်းရဲ့ အကြီးတန်းအမှုဆောင်မန်နေဂျာ ဦးသက်ထွန်းဦးက ပြောပြတာပါ။ 

တစ်ဘက်မှာလည်း နိုင်ငံရဲ့ ငွေကြေးအရင်းအနှီးတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် ရန်ကုန်စတော့အိတ်ချိန်းမှာ ပြည်ပနိုင်ငံသားရင်းနှီးမြှုပ်နှံမှုတွေရှိလာဖို့ မျှော်လင့်နေသလို အွန်လိုင်းကနေနေ့ချင်းအလိုက် ရှယ်ယာအရောင်းအဝယ်တွေ ဖြစ်ထွန်းလာဖို့ကလည်းလိုအပ်နေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly