မန္တ​လေးက MSX ဆိုင်​ကယ်​ဝါသနာရှင်​အဖွဲ့ရဲ့ မန်​း​ရွှေစက်​​တော်​ ခရီးစဉ်​

မန္တ​လေးက MSX ဆိုင်​ကယ်​ဝါသနာရှင်​အဖွဲ့ရဲ့ မန်​း​ရွှေစက်​​တော်​ ခရီးစဉ်​

မန္တလေးမြို့က MSXဆိုင်ကယ်ဝါသနာရှင်အဖွဲ့ဟာ ဧပြီ(၈)ရက်နေ့က စတင်ပြီး MSXဆိုင်ကယ်အစီး(၃၀)ကျော်နဲ့ မင်းဘူး/စကုမြို့နယ် မန်းရွှေစက်တော်ဘုရား(၁)ညအိပ် ဖူးမျှော်ခဲ့တယ်လို့ သိရပါတယ်။

 MSXဆိုင်ကယ်ဝါသနာရှင်အဖွဲ့ ဖွဲ့ခဲ့တာ (၁)နှစ်ကျော်ခဲ့ပါပြီ နိင်ငံအဝှမ်းနဲ့ တရုတ်ပြည်အထိ ဆိုင််ကယ်စီးခဲ့ကြပါတယ်။ အဖွဲ့ဝင်တွေရဲ့ လစဉ်အလှူငွေနဲ့ ရောက်တဲ့နေရာမှာ ပရဟိတ အလှူတွေလည်း လုပ်ခဲ့ပါတယ်လို့  MSXဆိုင်ကယ်ဝါသနာရှင်အဖွဲ့ ခေါင်းဆောင် ကိုသူက မဇ္ဈိမကို ပြောပါတယ်။

"ကျွန်တော်တို့ အဖွဲ့ဝင် (၃၀)ကျော်ရှိပါတယ် အခုရွှေစက်တော်ဘုရားဖူးပြီး ပုဂံညောင်ဦး ပုပ္ပါးဘက် သွားပါ့မယ်။ အဲ့ဒီဘက် တကယ်လိုအပ်တဲ့ နေရာတွေရှိရင် လှူဒါန်းကြပါမယ် ဒီခရီးစဉ်အပြီး မန္တလေးပြန်ပါမယ်"လို့ ဆက်ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly