နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း၌ အသေခံဗုံးဖောက်ခွဲမှုကြောင့် ငါးဦးဒဏ်ရာရရှိ

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း၌ အသေခံဗုံးဖောက်ခွဲမှုကြောင့် ငါးဦးဒဏ်ရာရရှိ

 ဧပြီ ၉ ။           ။ ပြီးခဲ့သော စနေနေ့က နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဗလီတစ်ခု၏ အပြင်ဘက်တွင် ဖြစ်ပွားခဲ့သော ဗုံးခွဲတိုက်ခိုက်မှုအတွင်း အသေခံဗုံးခွဲသူ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ ရဲများက ပြောခဲ့သည်။

ပေါက်ကွဲစေတတ်သော ပစ္စည်းများကို လွယ်ထားသော အမျိုးသမီး ၂ဦးသည် မိုင်ဒူဂူရီမြို့မှ ပြည်ထောင်စု တရားရုံးအနီးရှိ ဗလီထဲသို့ ၀င်ရောက်ရန်ကြိုးပမ်းခဲ့ရာ၌ တားမြစ်ခံခဲ့ရစဉ်တွင် သူတို့လွယ်ထားသော ပေါက်ကွဲ စေတတ်သည့် ပစ္စည်းများကို ဖောက်ခွဲပစ်ခဲ့ကြောင်း ဘော်နိုရဲဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဗစ်တာအစ်ဆူကူက ပြောခဲ့သည်။

ဗလီအနီး၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားအပြီးမှာ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များက အဆိုပါအမျိုးသမီး ၂ ဦး ၏ အလောင်းများကို သယ်ထုတ်ခဲ့ကြောင်း အမျိုးသားအရေးပေါ်စီမံခန့်ခွဲရေး အေဂျင်စီမှ အက်ဘ်ဒူကာဒါ အီဘရာဟမ်က ပြောခဲ့သည်။

နိုင်ဂျီးရီးယားမြောက်ပိုင်းရှိ ဘော်နိုပြည်နယ်တွင် အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ အိုင်အက်စ်တို့၏ မဟာမိတ် ဖြစ်သော ဘိုကာဟာရမ် အစ္စလာမ်မစ် အစွန်းရောက်တို့ကြောင့် ပြည်သူများ အထိတ်တလန့် ဖြစ်နေကြရသည်။

အဆိုပါသူပုန်များ စတင်ပုန်ကန်ထကြွခဲ့သည့် ၂၀၀၉ ခုနှစ်မှစတင်၍ ပြည်သူပေါင်း ၂.၆ သန်းခန့်သည် အိုးပစ် အိမ်ပစ် ထွက်ပြေးခဲ့ရပြီး လူပေါင်း ၂၀၀၀၀ ကျော်ခန့် သေဆုံးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly